ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

ယခုပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် လိုအပ်လျက်ရှိသော နေ့စားလပေးများကို ခန့်အပ်မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအလိုက် လိုအပ်နေသော မူလတန်းပြလစ်လပ်စာရင်းများကို ပြုစုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စား လပေးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးသောင်းဝန်းကျင်ခန့်ထားရမည် ဖြစ်ပြီး ခန့်ထားမည့် နေ့စားလပေးများကို သင်တန်းများပေးတော့မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - ၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲများ စစ်ဆေးရန် ရက်သတ်မှတ်ချက်နှင့် ဖြေဆိုချိန်များ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

“စာရင်းများကို တောင်းထားပြီးပါပြီ။ ညှိနှိုင်းဖို့ လုပ်နေပါတယ်။ ဒီနှစ်အတွက်ကတော့ သုံးသောင်းလောက်ခန့်နိုင်ပါတယ်။ လိုသလောက်ကိုတော့ ခန့်လို့ရပါတယ်။ ဘွဲ့ရတွေကလည်း အများကြီးရှိပါတယ်။ ဒီနှစ်မှာ ရေးဖြေတွေ၊ လူတွေ့တွေပြီးရင် ကာလတိုသင်တန်းတစ်လပေးဦးမှာပါ။ ပြီးမှ သာသူတို့ကို မူလတန်းပြ အဖြစ် တာဝန်ပေးမှာပါ” ဟု ပြောကြားသည်။

နေ့စားလပေးများကို ခေါ်ယူခန့်ထားသည့် အချိန်တွင် သင်တန်းများပေးအပ်ရန် ရည်ရွယ်ရခြင်းမှာ အခြေခံပညာရေး၏ အတန်းအချို့သည် သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားမှုပြုလုပ်နေပြီး ယင်းသင်ရိုးများကို ထိရောက်စွာ သင်ကြားနိုင်စေရန်နှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိထိရောက်ရောက်ဖြစ်စေရန် သင်တန်းပေးရန် လျာထားခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ နေ့စားလပေးများကို ပညာသင်နှစ်တစ်နှစ်ကုန်ဆုံးပြီးမှသာ နွေရာသီတွင် ဆရာဖြစ်သင်တန်း ပေးအပ်လေ့ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 13124 times