နေ့စားလပေးမူလတန်းပြများကို အောက်တိုဘာလကုန်ပိုင်းခန့်တွင် ခေါ်ယူနိုင်ရန်ရည်မှန်းထားဟုဆို

နေ့စားလပေးမူလတန်းပြများကို အောက်တိုဘာလကုန်ပိုင်းခန့်တွင် ခေါ်ယူနိုင်ရန်ရည်မှန်းထားဟုဆို

ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် လိုအပ်သော မူလတန်းပြရာထူးနေရာများအတွက် ဘွဲ့ရနေ့စားလပေး မူလတန်းပြများကို ခေါ်ယူဖြည့်တင်းနိုင်ရန်အတွက် အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိရှိ မူလတန်းပြ လစ်လပ်စာရင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားသည်။

ယခုနှစ်တွင် နေ့စားလပေး မူလတန်းပြများကို ခေါ်ယူရာတွင် ယခင်ကလို တစ်ခါတည်းခန့်ထားခြင်း ပြုလုပ်မည်မဟုတ်ဘဲ သင်တန်းများ ပေးအပ်ပြီးမှသာ ခန့်ထားခြင်းများ ပြုလုပ်မည် ဖြစ်သည်။

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမ ၂၈,၀၀၀ ကျော်အား သင်တန်းပေးမည်

ယခုနှစ်အတွက် ဘွဲ့ရနေ့စားလပေးများအား ခေါ်ယူခန့်ထားမည့်အချိန်ကို အောက်တိုဘာလကုန်ပိုင်းခန့်တွင် ခေါ်ယူနိုင်ရန် ရည်မှန်းထားကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“စာရင်းများကို ပညာရေးဝန်ကြီးဌာနကို တင်ပြထားတုန်းပဲရှိသေးတယ်။ ၀န်ကြီးရုံးက အကြောင်းမပြန်သေးဘူး။ လစ်လပ်စာရင်းတွေ ခန့်ထားရမယ့် စာရင်းများကိုတော့ အားလုံးလုပ်ထားပြီးပါပြီ။ ဒီနှစ်တစ်ခါတည်း မခန့်သေးဘဲ သင်တန်းပေးဦးမှာဆိုတော့ သင်တန်းပေးဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါတယ်။ ခေါ်တာကတော့ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလလောက်တော့ ခေါ်မယ်လို့ မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယခုနှစ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် လိုအပ်နေသော မူလတန်းပြရာထူးနေရာများအတွက် ဘွဲ့ရနေ့စားလပေး နှစ်သောင်းခွဲမှ သုံးသောင်းအထိ ခေါ်ယူရနိုင်ကြောင်း၊ ၄င်းတို့ကို ရေးဖြေစာမေးပွဲ၊ လူတွေ့များ စစ်ဆေးပြီးပါက ခန့်ထားခြင်းခံရမည့် သူများကို အထက်တန်းပြနှင့် အလယ်တန်းပြအတွေ့အကြုံရှိ ဆရာ၊ ဆရာမများက လုပ်ငန်းခွင် အကြိုသင်တန်းများ ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်အတွက် နေ့စာလပေးများကို ခေါ်ယူရာတွင် ကြန့်ကြာမှုများ ရှိနေပြီး ယခင်နှစ်က ယခုလိုအချိန်တွင် နေ့စာလပေး နှစ်သောင်းကျော်ကို ခန့်ထားပြီး ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 9792 times