ယခုနှစ်အတွက် နေ့စားလပေးများကို ရေးဖြေအောင်မြင်ပြီးမှသာ ခန့်ထားမည်ဟုဆို၊ ယခင်အောင်ထားသူများ လည်း ပြန်လည်ဖြေဆိုရမည်

ယခုနှစ်အတွက် နေ့စားလပေးများကို ရေးဖြေအောင်မြင်ပြီးမှသာ ခန့်ထားမည်ဟုဆို၊ ယခင်အောင်ထားသူများ လည်း ပြန်လည်ဖြေဆိုရမည်

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းကျောင်းများအတွက် လိုအပ်နေသော နေ့စားလပေး မူလတန်းပြများကို ပညာရေးတက္ကသိုလ်နှင့် ကောလိပ်သင်တန်းဆင်းများကို ခန့်ထားပြီးပါက ခေါ်ယူလေ့ရှိရာ ယခုနှစ်အတွက် ခေါ်ယူချိန်တွင် ၂၀၁၆ ခုနှစ်က နေ့စားလပေးရေးဖြေ စာမေးပွဲများကို ၀င်ရောက်ဖြေဆို အောင်မြင်ထား သူများ အား ရေးဖြေစာမေးပွဲဖြေစရာမလိုဘဲ ခန့်ထားမည်မဟုတ်ပဲ ယခင်နှစ် ရေးဖြေ ဖြေပြီးသားသူများသည်လည်း ယခုနှစ်တွင် ရေးဖြေစာမေးပွဲကို ထပ်မံဖြေဆိုရမည်ဖြစ်သည်။

READ - နည်းပညာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ပြုအမှတ်များ

အောင်မြင်မှသာ ခန့်ထားခြင်းခံရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်နှင့် ယခုပညာသင်နှစ်အတွက် ကျောင်းပေါင်း ၆၀၀၀ ကျော်ကို အဆင့်တိုးမြှင့်ဖွင့်လှစ်ထားပြီး လိုအပ်မည့် ဆရာအရေအတွက်မှာ ငါးသောင်းကျော်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယခုနှစ်တွင် ပညာရေးကောလိပ်တက္ကသိုလ်ဆင်း တစ်သောင်းကျော်ကိုသာ ခန့်ထားမှု ပြုလုပ်ထားသေးကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်တွင် အခြေခံပညာမူလတန်းကျောင်းပေါင်း သုံးသောင်းခွဲကျော် ရှိပြီး ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော် ပညာသင်ကြားလျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 17978 times