ရှမ်းပြည်နယ်တွင် နေ့စားလပေး မူလတန်းပြများ စတင်ခေါ်ယူ

ရှမ်းပြည်နယ်တွင် နေ့စားလပေး မူလတန်းပြများ စတင်ခေါ်ယူ

ရှမ်းပြည်နယ်ရှိ တက္ကသိုလ်များမှ ဘွဲ့ရရှိထားပြီး အသက် (၃၀) နှစ်မကျော်လွန်သူများ လျှောက်ာထားနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ကျန်တိုင်ဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်လျှောက်ထားသူများကို သတ်မှတ်အချိုးဖြင့် ခန့်ထားမည်ဖြစ်သည်။

နေ့စာလပေးများခန့်ထားမှုနှင့် ပတ်သက်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခေါ်ယူမှုမရှိသေးဘဲ ရာထူးတိုး အပြောင်းအရွှေ့များ၊ ၀န်ကြီးများ၏ ခွင့်ပြုချက်များရရှိမှသာ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လျှောက်လွှာတွေကို မြို့နယ်ပညာရေးမှူးတွေမှာ ရယူပြီး လျှောက်ထားနိုင်ပါသည်။

လာမည့်ပညာသင်နှစ် ၂၀၁၇-၂၀၁၈ အတွက် ရှမ်းပြည်နယ်ရှိ ဘွဲ့ရများအတွက် နေ့စားလပေးမူလတန်းပြများကို မြို့နယ်ပညာရေးမှူးရုံးများတွင် အခမဲ့ရယူပြီး မေလ ၂၃ ရက်မှ စတင်ပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးမှူးရုံးများသို့ မေလ ၂၃ရက်တွင် ဆက်သွယ်မေးမြန်းချက်များ အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေ့စားလပေးခေါ်ယူမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားဆဲသာ ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5646 times