လာမည့်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ် ပြောင်းမည်

လာမည့်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးသစ် ပြောင်းမည်

ယခုနှစ်စတုတ္ထတန်းကျောင်းသားများ လာမည့်နှစ်တွင် ဆဋ္ဌမတန်းတက်ရမည်ဟုဆို

လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အခြေခံပညာတတိယတန်းနှင့်ဆဋ္ဌမတန်းသင် ရိုးညွှန်းတမ်းများ အသစ်ပြောင်းလဲအသုံးပြုမည်ဖြစ်ပြီး ယခုနှစ် စတုတ္ထတန်း(Grade-5)ကျောင်း သား၊ ကျောင်းသူများသည် လာမည့်နှစ်၌ ဆဋ္ဌမတန်း(Grade-6)တက်ရမည်ဟု ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

သင်ရိုးဟောင်းတွင် သူငယ် တန်းကို Grade-1၊ ပထမတန်း ကို Grade-2၊ တတိယတန်းကို Grade-3၊ ပဉ္စမတန်းကို Grade- 6 ဟုသတ်မှတ်ထားသော်လည်း သင်ရိုးသစ်တွင် သူငယ်တန်းကို KG၊ ပထမတန်းကို Grade-1၊ ဒုတိယတန်းကို Grade-2၊ တတိ ယတန်းကို Grade-3၊ ဆဋ္ဌမ တန်းကို Grade-6 ဟုပြောင်းလဲ သတ်မှတ်ထားသည်။

ထို့ကြောင့် ယခုနှစ်သင်ရိုးဟောင်းစတုတ္ထ တန်း (Grade-5) ကျောင်းသား များသည် လာမည့်နှစ်တွင် သင် ရိုးသစ် ဆဋ္ဌမတန်း(Grade-6) တက်ရမည်ဟု ဆိုလိုခြင်းဖြစ် သည်။

‘‘နောက်ပညာသင်နှစ်မှာ Grade-3 ရယ်၊ Grade-6 ရယ် ကျောင်းသုံးဖတ်စာအုပ်သစ်တွေ အသုံးပြုသွားမယ်ဆိုတာ အသိ ပေးလိုပါတယ်။ ယခုပညာသင် နှစ်မှာ စတုတ္ထတန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ သည် Grade-5 ဖြစ်ပါတယ်။ နောက်နှစ်မှာ Grade-6 တက် မယ့် ကျောင်းသား၊ ကျောင်းသူ တွေသည် Grade-5 (စတုတ္ထ တန်း)က ကလေးတွေတက်ရမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။

ယခုနှစ်တွင် သင်ရိုးဟောင်း အတိုင်း သင်ယူနေသည့် ပဉ္စမ တန်း (Grade-6)ကျောင်းသား များသည် ပုံမှန်အတိုင်းသင်ရိုး ဟောင်းဆဋ္ဌမတန်း (Grade-7) ဆက်တက်ရမည်ဖြစ်သည်။

Grade-6 သင်ရိုးသစ်များ တွင် လက်ရှိပဉ္စမတန်း(Grade- 5)သင်ရိုးဟောင်းများကို ၇၀ ရာ ခိုင်နှုန်းပြန်လည်ထည့်သွင်းထား ပြီး ၃၀ ရာခိုင်နှုန်းသည် သင်ခန်း စာအသစ်များဖြစ်သည်ဟု ဒေါက် တာမျိုးသိမ်းကြီးက ဆိုသည်။

သင်ရိုးသစ်များကို သင် ကြားသင်ယူမှုပုံစံအသစ်များဖြင့် သင်ကြားပေးမည်ဖြစ်ပြီး လာမည့် ပညာသင်နှစ်စတင်အသုံးပြုမည့် Grade-3 သင်ရိုးသစ်အတွက် မူလတန်းပြဆရာ၊ ဆရာမအား လုံး၊ Grade-6 သင်ရိုးသစ်အ တွက် အလယ်တန်းပြဆရာ၊ ဆရာမအားလုံးကို ပညာရေးဝန် ကြီးဌာနက သင်တန်းပေးမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

အခြေခံပညာမူလတန်းသင် ရိုးညွှန်းတမ်းအသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့်အ ထက်တန်းသင်ရိုးညွှန်းတမ်းအ သစ်များအတွက် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)တို့က ပညာရေးဝန် ကြီးဌာနသို့ နည်းပညာနှင့်ဘဏ္ဍာ ရေးပံ့ပိုးထားသည်။

အခြေခံပညာရေးကို သူ ငယ်တန်းအပါအ၀င် မူလတန်း ငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်းသုံးနှစ်(သူငယ်တန်း + ၁၂ တန်း)စနစ်သစ်အဖြစ် စ တင်ပြောင်းလဲနေသည်။ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် KG၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၁၉ ပညာသင် နှစ်တွင် Grade-2 တို့ကို သင်ရိုး ညွှန်းတမ်းအသစ်များဖြင့် စတင် သင်ကြားနေသည်။

၂၀၁၉-၂၀ ပညာသင်နှစ် တွင် Grade-3 နှင့် Grade-6၊ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် Grade-4၊ Grade-7 နှင့် Grade -10၊ ၂၀၂၁-၂၂ ပညာသင်နှစ် တွင် Grade-5၊ Grade-8 နှင့် Grade-11၊ ၂၀၂၂-၂၃ ပညာ သင်နှစ်တွင် Grade-9 နှင့် Grade-12 တို့ကိုစနစ်သစ်သင် ရိုးညွှန်းတမ်းများဖြင့် ပြောင်းလဲ သင်ကြားမည်ဟု ပညာရေးဝန် ကြီးဌာနက သတ်မှတ်ထားသည်။

အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော် လည်း စနစ်သစ်အရ သူငယ်တန်း မှ ဒွါဒသမတန်းအထိ ၁၃ တန်း တက်ရောက်ရမည်ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3669 times