၂. သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများ နှင့် ပြည့်စုံရပါမည်
(က) လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတု ဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထ၀ီဝင်၊ သမိုင်း) ရရှိပြီးသူ ဖြစ်ရမည်။
(ဂ) ပြင်ပဘွဲ့ရများအတွက် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အသက် (၃၀) နှစ်ထက် မကြီးသူ၊ ၀န်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အသက် ၃၁ ရက်တွင် အသက် (၃၅) နှစ် ထက် မကြီးသူဖြစ်ရန်နှင့် သက်ဆိုင်ရာ ဌာန၀န်ထမ်း အဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။
READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် အနိမ့်ဆုံးအမှတ်များ
(ဃ) ၂၀၁၈-၁၉ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတွက် လျှောက်ထား သူများသည် အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတရေးဖြေ စာမေးပွဲနှင့် လူတွေ့ နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုရမည့်ရက်အား သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် ကြေညာမည်။
(င) ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့် ပညာရေး ကောလိပ်တွင်မဆို တက်ရောက်နိုင်သူဖြစ်ရမည်။
(စ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
(ဆ) သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အခြားသင်တန်းတစ်ုခု တက်ရောက်နေသူမဖြစ်ရပါ။
၃. သင်တန်းဝင်ခွင့်သတ်မှတ်ပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းကာ လက်မှတ်ထိုး ရမည်။
၎. လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်ထက် နောက်မကျဘဲ မိမိတို့ နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် လျှောက်ထားရမည်။ နေပြည်တောင်ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးကောလိပ်တွင် လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်းမပြုရ။
၅. လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့ လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် (၆) လအတွင်း ရိုက်ကူးထားသည့် ပတ်စပို့အရွယ် ဓာတ်ပုံ ၂ ပုံ တို့ကို ပူးတွဲတင်ပြရမည်။
၆. သတ်မှတ်ထားသည့် အချက်အလက်များကို တိကျပြည်စုံစွာ ရေးသားဖော်ပြထားခြင်း မရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြထားသော လျှောက်လွှာ များနှင့်အချိန်မီ မရောက်ရှိသော လျှောက်လွှာများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၇. ပညာရေးကောလိပ်အသီးသီးတွင် တက်ရောက်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ ပညာရေး ကောလိပ်များတွင် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: ကြေးမှုံ