Sales Hotline : 09448001653       Download App



PPTT လျှောက်လွှာ ခေါ်ပြီနော်

PPTT လျှောက်လွှာ ခေါ်ပြီနော်

၂၀၁၉ ခုနှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၆/၁၉) သင်တန်းသား ခေါ်ယူခြင်း အစီအစဉ် ဖြစ်ပါသည်။

၁။ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)၊ အမှတ်စဉ် (၆/၁၉) သင်တန်းကို ပညာရေး ကောလိပ်များတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည် -

(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology, Biotechnology, Biochemistry, Environmental Studies Geology,  B.A (မြန်မာမှု) B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ B.A(ပန်းပု)၊ B.Sc(Sports)၊ B.Econ (Stats)၊ BCom ရရှိပြီးသူ ဖြစ်ရမည်။

(ဂ) ပြင်ပဘွဲ့ရများအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အသက် ၃၀ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်း ဝန်ထမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ရက်တွင် အသက်(၃၅) နှစ်ထက် မကြီးသူဖြစ်ရန်နှင့် သက်ဆိုင်ရာ ဌာနဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲ၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။

(ဃ) ၂၀၁၉ ခုနှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း(PPTT)၊ အမှတ်စဉ် (၆/၁၉)သင်တန်းအတွက် လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတ ရေးဖြေ စာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် ဖြေဆို ကြရမည် ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရမည့်ရက်အား သက်ဆိုင်ရာ ပညာရေးကောလိပ် များတွင် ကြေညာမည်။

(င) ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေးကောလိပ်တွင်မဆို တက်ရောက်နိုင်သူ ဖြစ်ရမည်။

(စ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။

(ဆ) သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်ရပါ။

၃။ သင်တန်းဝင်ခွင့် သတ်မှတ်ပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းကာ လက်မှတ်ရေးထိုးရမည်။

၎။ လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်ထက် နောက်မကျဘဲ လျှောက်လွှာတင်မည့် ပညာရေးကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ နေပြည်တော်ကောင်စီ နယ်မြေအတွက် တောင်ငူပညာရေးကောလိပ်တွင် လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီး ဌာန(သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်း မပြုရ။

၅။ လျှောက်လွှာနှင့်အတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အထောက်အထား(မိတ္တူ)၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူနှင့် (၆)လ အတွင်း ရိုက်ကူးထားသည့် ပတ်စပို့အရွယ် ဓာတ်ပုံ (၂)ပုံတို့ကို ပူးတွဲတင်ပြရမည်။

၆။ သတ်မှတ်ထားသည့် အချက်အလက်များကို တိကျပြည့်စုံစွာ ရေးသားဖော်ပြထားခြင်း မရှိသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့် စွက်ရေးသားဖော်ပြထားသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာ များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၇။ ပညာရေးကောလိပ်အသီးသီးတွင် တက်ရောက်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ ပညာရေးကောလိပ် များတွင် ၂၀၁၉ ခုနှစ်၊ မတ်လ အတွင်း ထုတ်ပြန်မည် ဖြစ်ပါသည်။

၈။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှု အထောက်အထား(မူရင်း) တင်ပြနိုင်ရမည်။

၉။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သင်တန်းပြီးစီးအောင် တက်ရောက်ရမည်။ မူလတန်းဆရာ အတတ်ပညာ လက်မှတ် ရရှိပြီးနောက် မူလတန်းပြအဖြစ် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရမည်။

၁၀။ သင်တန်းပြီးစီးအောင် တက်ရောက်နိုင်ခြင်း မရှိပါက သတ်မှတ်လျော်ကြေး(၃)သိန်းနှင့်အတူ လစဉ် ထောက်ပံ့ကြေးကို ပြန်လည်ပေးလျော်ရမည်။

News Read 30068 times