လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း သတ်မှတ်ချိန်ထက် စောခေါ်မည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း သတ်မှတ်ချိန်ထက် စောခေါ်မည်

ပညာရေးကောလိပ်များတွင် ခြောက်လတာ သင်တန်းပေးပြီး အခြေခံပညာကျောင်းများ အတွက် လိုအပ်နေသော မူလတန်းဆရာ၊ ဆရာမများကို ဖြည့်ဆည်းခန့်ထားလေ့ရှိသည့် လုပ်ငန်းခွင့်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို လာမည့် ၂၀၁၈ ခုနှစ်တွင် သင်တန်းခေါ်ယူမည့်အချိန်အား မတ်လအစား ဖေဖော်ဝါရီလတွင် စတင်ခေါ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

READ - ၂၀၁၇-၁၈ တက္ကသိုလ်ဝင်ခွင့်ရမှတ်အများဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်

ထိုကဲ့သို့ ခေါ်ယူပြီးပါက သင်တန်းဖွင့်လှစ်ချိန်ကိုလည်း ဇွန်လအစား ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် ပညာရေးကောလိပ်ကျောင်းအုပ်ကြီးများနှင့် ညှိနှိုင်းလျက်ရှိကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ သိရသည်။

PPTT သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများပါ လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက မြို့နယ်အလိုက် လစ်လပ်နေသော မူလတန်းကျောင်းများတွင် မူလတန်းပြဆရာများအဖြစ် ခန့်ထားခြင်းခံရမည် ဖြစ်သည်။

PPTT သင်တန်းကို အဆောင်နေသင်တန်းသားနှင့် နေ့တက်သင်တန်းသားဟူ၍ နှစ်မျိုး ခွဲခြားခေါ်ယူလေ့ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4675 times