Performance ကောင်းခြင်းအပေါ်မူတည်ပြီး နီးစပ်သော ကျောင်းများသို့ ပြောင်းရွှေ့ခွင့်ရရှိမည်ဖြစ်ကာ Performance မကောင်းပါက အနည်းငယ်ဝေးသော နေရာများသို့ ပြောင်းရွှေ့ရမည် ဖြစ်ပါတယ်။
စာမေးပွဲရမှတ်သည် ကျောင်းသား၊ ကျောင်းသူရတဲ့ performance ကိုပြောတာ မဟုတ်ဘူး။ ဆရာ၊ ဆရာမက ကျောင်းသား၊ ကျောင်းသူကို ဘယ်လောက်တက်အောင် သင်နိုင်လည်းဆိုတဲ့ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။
ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဆရာဆရာမ များ ရာထူးတိုး၊ အပြောင်းအရွှေ့ လုပ်ရာမှာ လာဘ်ပေးလာဘ်ယူမှုတွေ မရှိစေဘဲ အရည်အချင်းပေါ် မူတည်ပြီး ဒေသအနီးအဝေးကို သတ်မှတ်ချထားပေးမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
များသော အားဖြင့်က ဆရာ ဆရာမတွေဟာ ဒီကျောင်းမှာ ငါရှိမှဖြစ်မယ်၊ ငါမရှိလို့ မဖြစ်ဘူးလို့ ထင်နေ ကြတယ်၊ မရပါဘူး၊ ငါးနှစ်ပြည့်တာနဲ့ ပြောင်း ရပါ့မယ်။
လက်ရှိဆရာ ဆရာမတွေ အနေနဲ့ ရာထူးတိုး၊ အပြောင်းအရွှေ့ လျှောက်ထားရာမှာ အထက်တန်း ပြသို့ ရာထူးတိုး အပြောင်းအရွှေ့ လုပ်ချင်မှသာ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရတာ ဖြစ်ပြီး မူလ တန်းကနေ အလယ်တန်းပြသို့ ရာထူးတိုး လျှောက်ထားတဲ့သူတွေအတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုစရာ မလိုဘူးလို့ သိရပါ တယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudra journal