အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်တွင် ရှိသော အခြေခံပညာကျောင်းလေးသောင်းခြောက်ထောင် ကျော်တွင် ဆရာ၊ ဆရာမစုစုပေါင်း သုံးသိန်းခွဲရှိကြောင်း၊ ဆရာ၊ ဆရာမများနှင့် အရာထမ်းအမှုထမ်းများနှင့်ဆိုလျှင် အခြေခံပညာကဏ္ဍ၌ ၀န်ထမ်းအင်အား ငါးသိန်းနီးပါးရှိနေသည်။

လက်ရှိတွင် အခြေခံပညာကဏ္ဍ၌ စာသင်ဆောင်ငါးသောင်းခန့်လိုအပ်နေသလို မူလတန်းပြဆရာ၊ ဆရာမငါးသောင်း၊ အလယ်တန်းပြ ဆရာ၊ ဆရာမနှစ်သောင်းနှစ်ထောင်နှင့် အထက်တန်းပြ ဆရာ၊ ဆရာမတစ်သောင်းတစ်ထောင် စုစုပေါင်း ရှစ်သောင်းကျော် လိုအပ်လျက်ရှိသည်။

READ - အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဒီဂျစ်တယ်နည်းပညာ အခမဲ့သင်ကြားပေးမည်

“လိုအပ်နေတဲ့ ကျောင်းဆောင်တွေ၊ ဆရာ၊ ဆရာမတွေကို ချက်ချင်းဖြည့်ဆည်းပေးပါဆိုရင်တော့ ဖြည့်ဆည်းနိုင်ဖို့ အခက်အခဲရှိပါတယ်။ လိုအပ်နေတဲ့ ၀န်ထမ်းအိမ်ရာတွေ ဖြည့်ဆည်းပေးပါဆိုရင် အခက်အခဲရှိပါတယ်။ လိုအပ်နေတဲ့ စာကြည့်တိုက်တွေ၊ အိုင်စီတီပစ္စည်းတွေ၊ ကစားကွင်းတွေ၊ ဒါတွေဟာလည်းဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ သို့သော် ပညာရေး ၀န်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းအရ တစ်နှစ်ချင်းစီ ဆရာ၊ ဆရာမဖြည့်ဆည်းပေးဖို့၊ ကျောင်းဆောင်တွေ ဖြည့်ဆည်းပေးဖို့ စာကြည့်တိုက်တွေ၊ အိုင်စဒိတီတွေကို ဖြည့်ပေးဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း” ဟု ပြောသည်။

အခြေခံပညာကဏ္ဍတွင် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းမထွက်စေရေးနှင့် မူလတန်းအဆင့်ပြီးမြောက်စေရန်သည် လွယ်ကူရိုးရှင်းသော လုပ်ငန်းမဟုတ်ကြောင်း၊ ယင်းလုပ်ငန်းတွင် အရေးကြီးဆုံးမှာ မူလတန်းပညာရေးဖြစ်ပြီး အတွေ့အကြုံရှိ ဆရာ၊ ဆရာများ၊ ရင့်ကျက်မှုရှိပြီး အရည်အသွေးရှိသော ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း သိရသည်။

“မူလတန်းမှာ ဒီလိုဆရာ၊ ဆရာမတွေကမှ G-1, G-2, G-3 ဒီအတန်းသုံးတန်းမှာ ကျောင်းသား၊ ကျောင်းသူများသည် G-3 ပြီးသွားရင် အဲဒီကျောင်းသား၊ ကျောင်းသူတိုင်းသည် ဖတ်နိုင်ရပါ့မယ်။ ဖတ်နိုင်ရမယ်ဆိုတာ ဖတ်လိုက်တဲ့စာတစ်ပိုဒ်ရဲ့ ဆိုလိုရင်းကို စဉ်းစားဆက်စပ်တွေးခေါ်နိုင်စွမ်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ပြီးရင် သူသည် ရေးနိုင်စွမ်းရှိရပါမယ်။ အဲဒီလို G-1, G-2, G-3 ပြီးတဲ့ ကလေးတိုင်းသည် ဖတ်နိုင်တယ်။ ရေးနိုင်တယ်။ တွက်နိုင်တယ်ဆိုရင် ဆရာ၊ ဆရာမက သင်ကြားပေးသမျှတိုင်းကို ကျောင်းသား၊ ကျောင်းသူက ကောင်းစွာ သင်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today  

News Read 7859 times