အခြေခံပညာကျောင်းများတွင် အကြံပြုစာပုံးများထားမည့်စနစ် ယခုနှစ်မကုန်မီ စတင်မည်

အခြေခံပညာကျောင်းများတွင် အကြံပြုစာပုံးများထားမည့်စနစ် ယခုနှစ်မကုန်မီ စတင်မည်

အခြေခံပညာ ကျောင်းများတွင်  အကြံပြုစာ ပုံးများထားမည့်စနစ် အတွက် စီမံချက်များရေးဆွဲနေပြီး ယခုနှစ်မကုန်မီ စတင်ဆောင် ရွက်မည်ဟု အခြေခံပညာဦးစီး ဌာနတာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။

ပြည်သူများ၏ ဝေဖန်အကြံ ပြုချက်၊ နစ်နာချက်များကို စနစ် တကျစုစည်းရယူခြင်း၊ ဖြေရှင်းပေးခြင်းတို့ပြုလုပ်နိုင်ရန် အကြံပြုစာ ပုံးများကို ရပ်ရွာက အကြံပြုသည့် လုံခြုံစိတ်ချရသည့် နေရာတွင် ထားရှိမည်ဖြစ်ပြီး ဖြေရှင်းရမည့်ကိစ္စများရှိပါက မြို့နယ်ပညာရေး မှူးရုံးက တာဝန်ယူဖြေရှင်းပေးရန် လျာထားသည်ဆိုသည်။

‘‘Education Service ကို ပို ကောင်းအောင် လုပ်ဖို့အတွက်ပါ။ ပြည်သူတွေ ပိုပြီးစိတ်ကျေနပ်မှုရှိ လာအောင်၊ Service တွေပေးတဲ့ အခါမှာ ပြည်သူတွေရဲ့ လိုလား ချက်တွေကို နားထောင်ပြီး ပိုပြီး ကောင်းအောင်ပြင်နိုင်အောင်လို့ လုပ်မယ့်အစီအစဉ်ပါ’’ဟု ဦးကို လေးဝင်းက ပြောသည်။

ထိုစနစ်ကို စတင်ရန် စီမံချက်များရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့တင်ပြကာ ခွင့်ပြုချက်ရသည်နှင့် အကြံပြုစာပုံးများစတင်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြံပြုစာပုံးများပြုလုပ်ရန် ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေမှ သုံးစွဲရန် လျာထားပြီး မြို့နယ်ပညာရေးမှူး ရုံးမှ တာဝန်ပေးသည့် ၀န်ထမ်းများက အခြေခံပညာကျောင်းများ သို့သွားရောက်၍ စာပုံးများကို ဖွင့် ဖောက်စုစည်းမည် ဖြစ်သည်။

‘‘မိဘအုပ်ထိန်းသူ၊ ပြည်သူ တွေက မိဘဆရာအသင်းတွေ ဖွဲ့ ရာမှာ ပူးပေါင်းပေးဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ကျောင်းမှန်မှန်တက်ရေး၊ အိမ်စာ မှန်မှန်လုပ်ရေးကို မိဘ၊ ဆရာပူး ပေါင်းဆောင်ရွက်ပေးဖို့ လိုပါ တယ်။ မပြည့်စုံမှုတွေ၊ အခက်အခဲ တွေရှိနိုင်ပါတယ်။ ရှိတာကို အကြံ ပေးလိုတယ်ဆိုရင် Suggestion Box တွေလုပ်ပေးဖို့ စီစဉ်နေတယ်။ အဲဒီကနေ ကိုယ့်ရဲ့အခက်အခဲတင် ပြလို့ရတယ်။ ကိုယ့်ရဲ့ မပြည့်စုံမှု ကို တင်ပြလို့ရတယ်’’ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဇူလိုင် ၆ ရက်တွင် ရန်ကုန်တိုင်း ကွမ်းခြံ ကုန်းမြို့နယ်ရှိ ဆရာ၊ ဆရာမများ၊ မိဘများနှင့် တွေ့ဆုံစဉ်ပြောကြား ထားသည်။

ပညာရေးဝန်ကြီးဌာနက ယခု ၂၀၁၈-၁၉ ပညာသင်နှစ်ကျောင်း အပ်နှံရေး  သီတင်းပတ်ကတည်းက ကျောင်းသားများထံမှ မည်သည့် အခကြေးငွေမျှကောက်ခံခြင်းမပြု ရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ ကျောင်းဝတ် စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များရောင်းချခြင်း မပြုရန်၊ အခြားမည်သည့်ပစ္စည်း ကိုမျှ ရောင်းချခြင်းမပြုရန် ကျောင်း အုပ်၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများကို ညွှန်ကြားထား သည်။

အကြံပြု၊ တိုင်ကြားလိုပါ က ပညာရေးဝန်ကြီးဌာန၀န်ကြီးရုံး ရုံးအမှတ် (၁၃) နေပြည်တော်  (သို့မဟုတ်) dpsoffice@moe- mm.com သို့ တိုင်ကြားနိုင် ကြောင်း ကျောင်းအပ်နှံရေး သီ တင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာရပ်ခံချက်၌ ထည့်သွင်း အသိပေးထားသည်။

ငွေကြေးရှင်းတမ်းကို ပွင့် လင်းမြင်သာမှုရှိစွာ မထုတ်ပြန် ခြင်း၊ ပညာရေးရန်ပုံငွေများ အလွဲ သုံးစားပြုခြင်း၊ ဌာနဆိုင်ရာညွှန် ကြားချက်မလိုက်နာခြင်းနှင့် လူမှု ရေးပြဿနာများဖြစ်ပွားခြင်း ကြောင့် ၂၀၁၆ ဧပြီမှ ၂၀၁၇ သြဂုတ်အထိ ပညာရေးဝန်ထမ်း ၈၄၄ ဦးကို ၀န်ထမ်းစည်းကမ်းဆိုင်ရာ ပြစ် ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း ၀န်ကြီးဌာနက ကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 2673 times