လာမည့်ပညာသင်နှစ် အခြေခံပညာကျောင်းပိတ်ရက် ၁၆၈ ရက်ရှိမည်ဖြစ်ပြီး ကျောင်းတက်ရက် ၁၉၇ ရက်ရှိ

လာမည့်ပညာသင်နှစ် အခြေခံပညာကျောင်းပိတ်ရက် ၁၆၈ ရက်ရှိမည်ဖြစ်ပြီး ကျောင်းတက်ရက် ၁၉၇ ရက်ရှိ

အခြေခံပညာကျောင်းများ၏ တရားဝင်ကျောင်းပိတ်ရက်ပေါင်း ၉၁ ရက်၊ ပုံမှန်ကျောင်းပိတ်ရက်ပေါင်း ၇၈ ရက်ရှိမည်ဖြစ်သည့်အတွက် စုစုပေါင်း ၁၉၇ ရက် ဖြစ်သည်။

ရုံးတက်ရက်ပေါင်း ၂၄၀ ရက်နှင့် ရုံးပိတ်ရက်ပေါင်း ၁၂၅ ရက် ရှိမည် ဖြစ်သည်။

အခြေခံပညာကျောင်းများ၏ စနေ၊ တနင်္ဂနွေပိတ်ရက်များအပါအ၀င် ကျောင်းပိတ်ရက်များမှာ ဇန်န၀ါရီလ တွင် ၁၀ ရက်၊ ဖေဖော်ဝါရီလတွင် ၉ ရက်၊ မတ်တွင် ၁၂ ရက်၊ ဧပြီတွင် ၃၀ ရက်၊ မေတွင် ၃၁ ရက်၊ ဇွန်တွင် ၉ ရက်၊ ဇူလိုင်တွင် ၁၁ ရက်၊ သြဂုတ်လတွင် ၈ ရက်၊ စက်တင်ဘာလတွင် ၉ ရက်၊ အောက်တိုဘာလတွင် ၁၂ ရက်၊ နိုဝင်ဘာလတွင် ၁၀ ရက်၊ ဒီဇင်ဘာလတွင် ၁၅ ရက်တို့ ရှိမည်ဖြစ်သည်။

အီဒွလ်အဿွာဟာပွဲနေ့နှင့် ဒီပါဝလီနေ့များကို သီးခြားစီ ကြေညာပေးမည် ဖြစ်သည်။

READ - ဒုတိယတန်းသင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းကို မူလတန်းပြအားလုံးတက်ရမည်

ပညာသင်နှစ်တစ်နှစ်တွင် စာသင်သည့်ကာလမှာ ၁၀ လရှိသော်လည်း ကျောင်းပိတ်သည့် ကာလ၊ စာမေးပွဲဖြေဆိုသည့် ကာလများရှိသည့်အတွက် အမှန်တကယ် စာသင်သည့် အချိန်သည် ရှစ်လခန့်သာရှိကြောင်း ယင်းအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်ပြီး ပညာသင်နှစ်အတွင်း ပြုလုပ်လေ့ရှိသော အခန်းဆုံး စစ်ဆေးခြင်း အကြိမ်အရေအတွက်များကို ခုနှစ်ကြိမ်မှ လေးကြိမ်အထိသာ ပြုလုပ်ရန် သတ်မှတ်ခဲ့သည်။

လက်ရှိတွင် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ကျင်းပခဲ့ပြီး ကျောင်းသား/သူများသည် နွေရာသီကျောင်းပိတ်ရက်များကို စတင်စားနေပြီဖြစ် သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 10807 times