အခြေခံပညာအောင်စာရင်းများ ထုတ်ပြန်ရာတွင် ချွတ်ချော်မှုမရှိစေဖို့ အဆင့်အလိုက် ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားသွားမည်

အခြေခံပညာအောင်စာရင်းများ ထုတ်ပြန်ရာတွင် ချွတ်ချော်မှုမရှိစေဖို့ အဆင့်အလိုက် ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားသွားမည်

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလက ကျင်းပပြီးစီးခဲ့ပြီး လက်ရှိတွင် အဖြေလွှာ စစ်ဆေးမှုများကို ပြုလုပ်နေပြီ ဖြစ်သည်။

အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ပြီးဆုံးပါက အောင်စာရင်းထုတ်ပြန်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်။

အောင်စာရင်းရလဒ်များကို မှားယွင်းစွာ ဖော်ပြခြင်း၊ အမည်ကျန်ရှိခြင်း၊ ခုံနံပါတ်လွဲမှားခြင်း စသည့် ချွတ်ချော်မှုများမရှိစေရန် အဆင့်အလိုက် ကြီးကြပ်ဆောင်ရွက်မှုများ ပြုလုပ်သွားရန် ညွှန်ကြားသွားမည်ဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ်၏ အခြေခံပညာအတန်း အောင်စာရင်းများကို လာမည့် ဧပြီ ၂၀ ရက် ၀န်းကျင်တွင် ထုတ်ပြန်ကြေညာရန် လျာထားပါသည်။

ထိုအောင်စာရင်းတွင် မှားယွင်းမှု တစ်စုံတစ်ရာရှိပါက ကျောင်းသား/သူများ၊ မိဘများအနေဖြင့် သက်ဆိုင်ရာကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးများထံတင်ပြပြီး ပြန်လည်စိစစ်မှုများ ပြုလုပ်နိုင်ရန်ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1429 times