အခြေခံပညာအတန်းအောင်စာရင်းများ ထုတ်ပြန်ရာတွင် စာမေးပွဲကျင်းပခြင်းမရှိသည့် ပထမတန်းကိုပါ ထည့်သွင်းကြေညာမည်

အခြေခံပညာအတန်းအောင်စာရင်းများ ထုတ်ပြန်ရာတွင် စာမေးပွဲကျင်းပခြင်းမရှိသည့် ပထမတန်းကိုပါ ထည့်သွင်းကြေညာမည်

သူငယ်တန်း၊ အဌမတန်းနှင့် စတုတ္ထတန်းတို့၏ အောင်စာရင်းများကိုလည်း တစ်ပါတည်း ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို ဧပြီလ ဒုတိယပတ်တွင် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“အောင်စာရင်းများကို တစ်ခါတည်းအကုန်ထုတ်ပြန်မှာပါ။ လေးတန်း၊ ရှစ်တန်းကို ခွဲပြီး ထုတ်မှာမဟုတ်ဘူး။ သင်္ကြန်အပြီးမှာ ထုတ်ပါလိမ့်မယ်။ ပထမတန်းကို စာမေးပွဲမလုပ်ဘူးဆိုပေမယ့် တတ်မြောက်မှုဆန်းစစ်ထားတာတွေအရ အတန်းတင်ပေးရမယ့် ကျောင်းသား၊ ကျောင်းသူက သူတို့အတန်းကူးပြောင်းခွင့် ရ၊ မရ ဆိုတာ သိဖို့ ထုတ်ပြန်ပေးတာပါ” ဟု ပြောသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် တက်ရောက် ပညာသင်ကြားခဲ့သည်။

READ - အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

သူငယ်တန်းနှင့် ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားမှု ပြုလုပ်ခဲ့ကြောင်း၊ သင်ရိုးညွှန်းတမ်းများ ကဲ့သို့ စာမေးပွဲစစ်ဆေးခြင်း မပြုလုပ်ခဲ့ဘဲ ဆရာ၊ ဆရာမများ၏ အကဲဖြတ် ဆန်းစစ်မှုများဖြင့်သာ စစ်ဆေးခဲ့သည်။

“သင်ရိုးအဟောင်းမှာလည်း အဲဒီအတန်းတွေက စာမေးပွဲမရှိသလို သင်ရိုးအသစ်မှာလည်း စာမေးပွဲမရှိပါဘူး။ သင်ရိုးရဲ့ သဘောကိုက ကလေးတွေက စာသင်ကြားမှုအပြင် ကာယ၊ ဥာဏဖွံ့ဖြိုးမှုတွေကို ဦးတည်ပြီးတော့ ရေးဆွဲထားတဲ့ သင်ရိုးဖြစ်တဲ့အတွက် ပညာသင်နှစ်ထဲမှာပဲ သင်ရိုးတစ်ခုကုန်တိုင်း ဆရာတွေက မတတ်သေးတဲ့ကလေးများကို တတ်အောင် သင်ပေးလာတဲ့ပုံစံနဲ့ သွားတာပေါ့” ဟု ပြောသည်။

လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားတော့မည် ဖြစ်ပြီး အဆိုပါအတန်းတွင်လည်း စာမေးပွဲရှိမည် မဟုတ်ပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1381 times