အခြေခံပညာအဆင့် အောင်စာရင်းတွေကို ဧပြီ ၂၂ ထုတ် ပြန်ပေးမည်

အခြေခံပညာအဆင့် အောင်စာရင်းတွေကို ဧပြီ ၂၂ ထုတ် ပြန်ပေးမည်

အစိုးရရုံးတွေမှာ သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက် သတ်မှတ်တာကြောင့် မိသားစုတွေ ကျောင်းပိတ် ရက်ရုံးပိတ် ရက် တွေမှသာ ဘုရားဖူးထွက်တာ၊ ခရီး ရှည်ထွက်တာတွေကို ပြုလုပ်ကြတာ ဖြစ်ပါ တယ်။

ရုံးပိတ်ရက်ကုန် ခါနီးရက်တွေမှာ ပြန်လည် ရောက်ရှိလာကြတာကြောင့် အောင်စာရင်း ကြေညာပြီး ၄ ရက်ခန့်နေမှ လာရောက်ကြည့်ရှုတဲ့အတွက်အချို့ ကျောင်းတွေမှာ အောင်စာရင်း ထုတ်ပြန်ထားတဲ့ စာရွက်တွေ စုတ်ပြဲတာတွေ ရှိပါတယ်။

အဲသည်လိုတွေ ဖြစ်တာကြောင့် ကျောင်း သူ ကျောင်းသားတွေ အနေနဲ့ သက်ဆိုင်ရာကျောင်း အုပ်ကြီးတွေဆီမှာ မေးမြန်းကြရ ပါတယ်။

READ - ဆရာ၊ ဆရာမများနှင့် မိဘများအတွက်အခမဲ့ online သင်တန်း

ဒါကြောင့် အခုလိုအောင် စာရင်းတွေ ထုတ်ပြန် မယ့်ရက်ကို ပြောင်းလဲသတ်မှတ် တာ ဖြစ်တယ် လို့ သိရပါတယ်။

အခုနှစ် အတွက် အခြေခံပညာ မူလတန်းအဆင့်နဲ့အလယ်တန်းအဆင့် သင်ရိုးဟောင်း ကျောင်းတွင်း စာမေးပွဲတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင် ဖြေ ဆိုခဲ့တာ ဖြစ်ပြီး စတုတ္ထတန်း နဲ့ အဌမတန်း စာမေးပွဲတွေကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက် နေ့ စတင်ဖြေဆိုတာ ဖြစ်ပါ တယ်။

အခုနှစ်မှာ အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲ စစ်ဆေးတဲ့အကြိမ် အရေအတွက်ကို လျှောချြပြီး စာ သင်နှစ် တစ်နှစ်လုံးမှာ စာမေးပွဲ လေးကြိမ်သာ ပြုလုပ်တာ ဖြစ်ပါတယ်။

ပညာသင်နှစ်ရဲ့ ဇူလိုင်လ၊ အောက်တိုဘာလ၊ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလ စတဲ့ လတွေမှာ စာမေးပွဲ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပထမ နှစ်ဝက်ဆုံး စာမေးပွဲကို တော့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့ တာဖြစ်ပြီး ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲကို အခု ဖေဖော် ဝါရီထဲမှာ ပြုလုပ်တာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Kumudranews

News Read 2046 times