အခြေခံပညာနှစ်ဆုံးစာမေးပွဲ မေးခွန်း၊ အဖြေလွှာ၊ အောင်စာရင်း အချက်အလက်များ ပေါက်ကြားမှု မရှိစေရန် ညွှန်ကြား

အခြေခံပညာနှစ်ဆုံးစာမေးပွဲ မေးခွန်း၊ အဖြေလွှာ၊ အောင်စာရင်း အချက်အလက်များ ပေါက်ကြားမှု မရှိစေရန် ညွှန်ကြား

မေးခွန်းမပေါက်ကြားစေရန် မေးခွန်းများ၊ အဖြေလွှာစာအုပ်များ၊ အမှတ်ပေးစည်းမျဉ်းများ၊ ရမှတ်များ၊ အောင်စာရင်းများ လုံခြုံရေးနှင့် မပေါက်ကြားရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ရန်အတွက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်အပေါ်တွင် အဆင့်ဆင့်ကြီးကြပ်သူများသည် အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

မေးခွန်းများ ပေါက်ကြားမှုရှိပါက တာဝန်ရှိသူအဆင့်ဆင့်သည် ၀န်ထမ်းနည်းဥပဒေအရ အရေးယူခံရမည့် အပြင် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက် ဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် အလေးထားဆောင်ရွက်ရန် ညွှန်ကြားထားသည်။

READ - ပထမတန်းစာမေးပွဲ စစ်ဆေးနေသော ကျောင်းများ စာမေးပွဲမစစ်ရန် အခြေခံပညာဦးစီးဌာန ထပ်မံညွှန်ကြားမည်

၂၀၁၇-၁၈ ပညာသင်နှစ်၏ အခြေခံပညာအတန်းများဖြစ်သည့် စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အခြားအတန်းများ၏ ကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာ၊ စာသင်ချိန်တစ်ချိန်စာ စစ်ဆေးရမည်ဖြစ်သည်။

ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေသော ပထမတန်းကို စာသင်ခန်းအတွင်း ပုံမှန်စစ်ဆေးမှု ပြုလုပ်သည့် စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်ရန် သတ်မှတ်ထားသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာအတန်းများ၌ ကျောင်းသား၊ ကျောင်းသူကိုးသန်းကျော် တက်ရောက်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3152 times