အခြေခံပညာ အတန်းများ၏ နှစ်ဆုံးစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ရက် ပြောင်းလဲသတ်မှတ်

အခြေခံပညာ အတန်းများ၏ နှစ်ဆုံးစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ရက် ပြောင်းလဲသတ်မှတ်

ကျောင်းသားနှင့် ကျောင်းသူများ၏ မိဘများသည် သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးသွားခြင်း၊ ခရီးရက်ရှည်ထွက် ခြင်းများ ပြုလုပ်ကြရာ သင်္ကြန်ပိတ်

ရက်ကုန်ဆုံးချိန်မှသာ ပြန်လည် ရောက်ရှိကြပါတယ်။

နှစ်စဉ် မြန်မာ နှစ်ဆန်း ၂ ရက်နေ့တွင် ထုတ်ပြန် ပေးသည့် အောင်စာရင်းများကို ရက်အနည်းငယ်ကြာမှ လာရောက် ကြည့်ရှုကြရာ ရက်အနည်းငယ်

ကြာပြီးဖြစ်၍ အောင်စာရင်း စာရွက်များ ပျက်စီးနေပြီး ကြည့်ရှုရာ တွင် အခက်အခဲများ ကြုံတွေ့ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲ သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။

အခြေခံပညာအဆင့် သူငယ်တန်းမှ နဝမတန်းအထိ နှစ်ဆုံး စာမေးပွဲအောင်စာရင်းများကို ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍

သင်္ကြန်ရုံးပိတ်ရက်၏ နောက်ဆုံးရက်တွင် သက်ဆိုင်ရာ အခြေခံ ပညာကျောင်းများတွင် ထုတ်ပြန် ပေးမည် ဖြစ်ပါသည်။

နှစ်ဆန်း ၂ ရက်နေ့ မထွက် တော့ဘဲ သင်္ကြန်ပိတ်ရက်ရဲ့နောက်ဆုံးရက်နေ့ ပြောင်းလဲသတ်မှတ် လိုက်ပါတယ်။

ဒီနှစ်ဆိုရင်တော့ ဧပြီလ ၂၃ ရက်နေ့ အောင်စာရင်း ထွက်ပါမည်ဖြစ်ပါတယ်။

ယခု ပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံး စာမေးပွဲများကို ဖေဖော်ဝါရီ လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လည်းကောင်း၊ ပထမတန်း၊ ဒုတိယတန်း၊

တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ နဝမတန်း နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါ ရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ အထိ လည်းကောင်း

ကျင်းပမည်ဖြစ်ပါတယ်။

Ref: education digest

News Read 5366 times