မူလတန်းပြဆရာဖြစ် လက်မှတ် မရှိသည့် အခြေခံပညာဆရာ/မများအား စာပေးစာယူ သင်တန်းပေးမည်

မူလတန်းပြဆရာဖြစ် လက်မှတ် မရှိသည့် အခြေခံပညာဆရာ/မများအား စာပေးစာယူ သင်တန်းပေးမည်

မူလတန်းပြဆရာအဖြစ် လက်မှတ်မရှိသည့် အခြေခံပညာကျောင်းများရှိ ဆရာ/မများအတွက် မူလတန်းဆရာအတတ် စာပေးစာယူသင်တန်းကို တစ်နိုင်ငံလုံးရှိ ပညာရေး ကောလိပ်များတွင် အောက်တိုဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများတွင် ဆရာဖြစ်လက်မှတ်မရှိသည့် ဆရာ၊ ဆရာမပပျောက်ရေးနှင့် မူလတန်းအဆင့် ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် မူလတန်းပြ ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ရေး၊ စာပေးစာယူ သင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်သည်။

"နေ့စားလပေးဆရာ၊ ဆရာမတွေခန့်လိုက်တော့ သူတို့က ဆရာဖြစ် သင်တန်းလက်မှတ်မရှိဘူးဖြစ်နေတာ၊ အခြေခံပညာဦးစီးဌာနရဲ့ စာရင်းအရ ဆရာဖြစ်လက်မှတ်မရှိသေးတဲ့ သူတွေကို အခုသင်တန်းစပေးတော့မှာ၊ အဓိကကတော့ နေ့စားလပေးဆရာ၊ ဆရာမတွေပေါ့" ဟု ပြောသည်။

မူလတန်းဆရာ အတတ်စာပေးစာယူ သင်တန်းကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ၂၃ ခု တွင် ၂၀၁၈ အောက်တိုဘာ ၁ရက်မှ ၁၃ ရက်အထိ တစ်ကြိမ်၊ ၂၀၁၉ ဧပြီ ၁၉ ရက်မှ ဧပြီ ၂၆ ရက်အထိ တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်မည် ဖြစ်သည်၊

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဇွန်၊ ဇူလိုင်လအတွင်း မိမိတာဝန်ထမ်းဆောင်ရာ အခြေခံပညာကျောင်းများတွင် လက်တွေ့တန်းပြလေ့ကျင့်ရမည် ဖြစ်သည်။

သင်တန်းသားများသည် အောက်တိုဘာ ၁ ရက်တွင် သက်ဆိုင်ရာ ပညာရေးကောလိပ်များတွင် သင်တန်းစတင်တက်ရောက်ကာ ပြဌာန်းစာအုပ်နှင့်စာစဉ် မေးခွန်းများ ထုတ်ယူရမည် ဖြစ်သည်။

သင်တန်းတက်ရောက်စဉ် သင်ကြားရေး၊ စီမံခန့်ခွဲရေး မလစ်ဟင်းရန် အခြားဆရာ၊ ဆရာမများကို ခေတ္တဖြည့်ဆည်းထားရန် ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများအား အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ/မလိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်ကစ၍ ဘွဲ့ရပြီးသူများကို နေ့စားလပေးမူလတန်းပြအဖြစ် ခေါ်ယူခဲ့သည်။

နေ့စားလပေးမူလတန်းပြ ရာထူးနေရာများအတွက် အသက် (၄၀) နှင့်အောက် ပါရဂူဘွဲ့၊ (၃၅) နှစ်နှင့်အောက် မဟာဘွဲ့ရ၊ အသက် (၃၀)နှင့်အောက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေး၍ ခန့်ထားကာ မူလတန်းဆရာအတတ် ပညာသင်တန်းများ တက်ရောက်ပြီးဆုံးပါက နေ့စားလပေးမူလတန်းပြမှ မူလတန်းပြအဖြစ် ခန့်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 2378 times