ယခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် ဧပြီလဆန်းမှစပြီး ရက်ပေါင်း ၄၀ ကြာ ပြုလုပ်မည်

ယခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် ဧပြီလဆန်းမှစပြီး ရက်ပေါင်း ၄၀ ကြာ ပြုလုပ်မည်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာသင်ယူလိုသူ (စာသင်သား) များ၏ စာရင်းကို မတ် ၁၅ ရက်မှ စတင်ပြီး စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်အတွက် အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်းများကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ပြုလပ်သွားမည်ဖြစ်သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရွေးချယ်ထားသည့်နေရာများမှာ စာတတ်မြောက်မှုးနည်းပါးနေသေးသည့် ဒေသများဖြစ်သည့်အတွက် ရွေးချယ်ဆောင်ရွက်ရခြင်းဖြစ်သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ၊ အခြေခံပညာဆရာ၊ ဆရာမများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 2646 times