အခုနှစ် အခြေခံပညာအဆင့် စာမေးပွဲမှာ အမှတ်မရသူတွေရှိ

အခုနှစ် အခြေခံပညာအဆင့် စာမေးပွဲမှာ အမှတ်မရသူတွေရှိ

တစ်ချို့ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ဘာသာရပ်တွေအလိုက် အောင်မှတ်မပြည့်တဲ့အပြင် မြန်မာစာဘာသာရပ်ကို စာလုံးပေါင်း မှန်ပြီး ဖြောင့်အောင် မရေး တတ်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဆရာ ဆရာမတွေအနေနဲ့လည်း အတန်းတွေ တက်လာပြီးမှ စာမရေးတတ်၊ မဖတ်တတ်တဲ့ ကလေးတွေကို သင်ကြားပေးရတဲ့အခါမှာ အချိန်ကုန်တာတင် မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှုတွေရှိတယ်လို့ ဆရာ ဆရာမ တစ်ချို့က ဆိုပါတယ်။

ပညာရေး ဝန်ကြီးဌာနအနေနဲ့ လေးတန်းနဲ့ ရှစ်တန်းမှာ ပြီးခဲ့တဲ့ နှစ်တွေက အစိုးရစစ်စနစ်နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး ကုစားစာမေးပွဲ၊ နောက်ဆက်တွဲ ဖြည့်ဆည်း စာမေးပွဲစတဲ့ စာမေးပွဲတွေ ပြုလုပ်ပြီးနောက်ဆုံး ဖြေဆိုခဲ့တဲ့ ရလဒ် ကို ကြည့်ပြီး အအောင် အရှုံး သတ်မှတ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ကုစား စာမေးပွဲ၊ နောက်ဆက်တွဲ ဖြည့်ဆည်းစာမေးပွဲစတဲ့ စာမေးပွဲတွေမရှိတော့ဘဲ ကျောင်းသားတစ်ဦးချင်းစီရဲ့ စာသင်နှစ်တစ်နှစ်လုံးရဲ့ ဘက်စုံအရည်အချင်း မှတ်တမ်းချုပ်မှာရရှိတဲ့ အမှတ်တွေကိုပါ ထည့်သွင်းပြီး အအောင်၊ အရှုံးသတ်မှတ်မယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေမှာ (school drop out) လျော့ကျစေဖို့ နဲ့ လူမှုရေးအခက်အခဲတွေကြောင့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ သင်ယူတတ်မြောက်မှု အားနည်းတဲ့ သူတွေကို အချိန်ပိုခေါ်ယူ သင်ကြားပေးဖို့လည်း ပထမနှစ်ဝက်စာမေးပွဲ ပြီးဆုံးချိန်မှာ ညွှန်ကြားချက်ထုတ် ပြန်ခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

သက်ဆိုင်ရာ ကျောင်းတွေကနေ မိမိအစီအစဉ်နဲ့ မနက်၊ ညနေပိုင်းတွေနဲ့ ကျောင်းပိတ်ရက်တွေမှာ အချိန်ဇယား သီး သန့် ရေးဆွဲပြီး သင်ကြားပေးရမှာဖြစ်ပြီး ပထမနှစ်ဝက် စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ ဘာသာရပ်တွေအလိုက် အားဖြည့် သင်ကြားပေးရတာဖြစ်ပါတယ်။

သင်ကြားတဲ့အခါမှာ ပုံမှန်သင်ကြားတဲ့ သင်ခန်းစာတွေအတိုင်း မဟုတ်ဘဲ စာမေးပွဲမှာ အမှတ်ရလွယ်တဲ့ သင်ခန်းစာတွေ၊ ခက်ခဲတဲ့ပုစ္ဆာတွေ၊ မေးခွန်းဟောင်းတွေကို လေ့ကျင့်သင်ကြားပေးရတယ်လို့ သိရပါတယ်။

အခြေခံလိုအပ်

မူလတန်းအဆင့်မှာကတည်းက အခြေခံ မပါတဲ့ သူတွေအနေနဲ့ အတန်းကြီး လာလေ သင်ကြားပေးဖို့ ပိုခက်ခဲလာပြီး အမှန်တကယ် တတ်မြောက်မှု မရှိဘဲ အတန်းတင်ပေးလိုက်တာက ကလေးတွေကို ပညာရေးနဲ့ ဝေးတဲ့ နေရာကို တွန်းပို့လိုက်တာ ဖြစ်တယ်လို့ ပညာရေး လေ့လာသူတွေက ထောက်ပြပြောဆိုတာတွေလည်း ရှိပါတယ်။

ဆရာ ဆရာမတွေအနေနဲ့လည်း အဲ သည်လို စာတတ်မြောက်မှု အားနည်းတဲ့ ကလေးတွေကို အားစိုက်သင်ကြားတာတွေ ရှိပေမဲ့ ကုစားစနစ်၊ နောက်ဆက်တွဲ ဖြည့်ဆည်းစတဲ့ စနစ်တွေကြောင့် အတန်း တင်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

ကေဂျီတန်းကနေစပြီး တက္ကသိုလ် ဝင်တန်းအထိ ကျောင်းသူ ကျောင်းသား drop out မရှိစေဖို့ မှာကြားထားတယ်လို့ သိရပါ တယ်။

အခုနှစ်မှာ ကျောင်းသားတွေကို အ အောင် အရှုံး သတ်မှတ်တဲ့အခါ ဘက်စုံ အရည်အချင်း မှတ်တမ်းချုပ်တွေကို ထည့်သွင်းဆုံးဖြတ်မှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာကျောင်းတွေက ဆရာဆရာမတွေအနေနဲ့ နောက်ဆုံးဖြေဆိုတဲ့ စာမေးပွဲရဲ့ ရမှတ်ကို သိခွင့်မရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးတွေကနေသာ အအောင် အရှုံး ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပညာသင်နှစ်မှာ အတန်းတွေအလိုက် ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေကို ဆုပေးနိုင်ဖို့ အတွက် စာမေးပွဲမှာ အမှတ်အများဆုံး ရရှိတဲ့ ကျောင်းသူ ကျောင်းသားစာရင်းကိုတော့ သက်ဆိုင်ရာ ကျောင်းတွေကနေ တိုင်းပညာရေးမှူး ရုံးမှာ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

အခြေခံပညာမူလတန်း အဆင့် ဖြစ်တဲ့ စတုတ္ထတန်းနဲ့ အလယ်တန်းအဆင့် အဋ္ဌမ တန်းစာမေးပွဲတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စတင်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 3784 times