အခြေခံပညာနှစ်ဝက်ဆုံး စာမေးပွဲများ အောက်တိုဘာလတွင် ကျင်းပည်

အခြေခံပညာနှစ်ဝက်ဆုံး စာမေးပွဲများ အောက်တိုဘာလတွင် ကျင်းပည်

ယခုပညာသင်နှစ်၏အခြေခံပညာနှစ်ဝက်ဆုံး စာမေးပွဲများကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ဇွန်လမှ စက်တင်ဘာလအထိ သင်ကြားထားသော သင်ခန်းစာများကို စစ်ဆေးရမည်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ ဇူလိုင်လအခန်းဆုံးစစ်ဆေးရာတွင် ဇွန်လနှင့်ဇူလိုင်လအတွင်း သင်ကြားခဲ့သည့် သင်ခန်းစာများ ကိုစစ်ဆေးရန်အတွက် အခြေခံပညာကျောင်းများကို ညွှန်ကြားခဲ့ ပြီး ယခုအခါလာမည့်အောက်တိုဘာလတွင် နှစ်ဝက်ဆုံးစာမေးပွဲ များကိုကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ယင်းစာမေးပွဲကိုဇွန်လမှ စက်တင်ဘာလအထိသင်ကြားသော သင်ခန်းစာများအား ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“တတိယတန်းကစပြီးစစ်ရမှာ။ ကေဂျီ၊ ပထမတန်း၊ ဒုတိယတန်း၊ မပါဘူး။ အတန်းတင်ကျရင်လည်း မပါဘူး”ဟု အခြေခံပညာဦးစီးဌာန မှ အရာရှိတစ်ဦးက ပြောကြားသည်။

နှစ်ဝက်ဆုံးစာမေးပွဲကျင်းပရေးအစီအစဉ်အရ တတိယတန်း အဆင့်မှ ဒသမတန်းအဆင့်အထိ ကိုတစ်ရက်လျှင်တစ်ဘာသာနှုန်း ဖြင့် စာသင်ချိန်တစ်ချိန်စာ စစ်ဆေးရမည်ဖြစ်သည်။

အောက်တိုဘာလတွင်ပြုလုပ်မည့် နှစ်ဝက်ဆုံးစာမေးပွဲပြီးဆုံးပါက အခြေခံပညာ တွင် ထပ်မံဖြေဆိုရမည့်အခန်းဆုံးစစ်ဆေးခြင်းတစ်ကြိမ်နှင့် နှစ်ဆုံး စာမေးပွဲတစ်ကြိမ်စီသာ ကျန်ရှိတော့မည်။

“လာမယ့်နှစ်မှာ တတိယတန်းက သင်ရိုးအသစ်ဖြစ်တော့မှာဆို တော့ စာမေးပွဲကျင်းပရေးတွေအတွက် ဘယ်လိုပြင်ဆင်ရမယ်။ ဘယ် လိုမေးခွန်းထုတ်ရမယ်ဆိုတာတွေတော့ လာမယ့်နွေရာသီမှာ သင် တန်းပေးရင်တစ်ခါတည်းထည့်ပြောမှာပါ”ဟု ပြောသည်။

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏တတ်မြောက်မှု စစ်ဆေးခြင်းများကို၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်ပြီးအခန်းဆုံး စစ်ဆေးခြင်းကို နှစ်ကြိမ်(ဇူလိုင်လ နှင့်ဒီဇင်ဘာလ) နှစ်ဝက်ဆုံးစစ် ဆေးခြင်းကို (အောက်တိုဘာလ)၊ နှစ်ဆုံးစစ်ဆေးခြင်းကို (ဖေဖော်ဝါ ရီလ)တို့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 2899 times