အခြေခံပညာမှ ဆရာ၊ ဆရာမများ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ရာထူးတိုးနေရာများ လျှောက်ထားနိုင်

အခြေခံပညာမှ ဆရာ၊ ဆရာမများ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ရာထူးတိုးနေရာများ လျှောက်ထားနိုင်

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်း တွင် လစ်လပ်လျက်ရှိသော အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြ ရာထူးနေရာ ၅၆ နေရာကို ဖြည့်ဆည်းခန့်ထားရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းပြ၊ အထက်တန်းပြ (ကာယ)၊ အလယ်တန်းပြ၊ အလယ်တန်းပြ (ကာယ)၊ မူလတန်းပြနှင့် အလယ်တန်းပြ (PGDMA) ဆရာ၊ ဆရာမများသည် ရန်ကုန်ပညာရေး တက္ကသိုလ် သို့ တိုက်ရိုက်လျှောက်ထားနိုင်မည်။

လျှောက်ထားလိုသော ဆရာ၊ ဆရာမများသည် မိမိတို့ တာဝန်ကျရာ မြို့နယ် (သို့မဟုတ်) ခရိုင်ပညာရေးမှူးရုံးများတွင် လျှောက်ထားရမည် ဖြစ်သည်။

လုပ်သက်၊ တန်းစီဇယား၊ ပညာအရည်အချင်းများ သင့်တော်သော ဆရာ၊ ဆရာမများကို ရွေးချယ် ခန့်အပ်သွားမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ဆောင်ဟောင်းကို ဖျက်သိမ်းပြီး လေးထပ်ကျောင်းဆောင်သစ်ကို တိုးမြှင့်ထားရာ စာသင်ခန်းအရေအတွက် အရ ဆရာ၊ ဆရာမများ ထပ်မံခန့်အပ်ရခြင်း ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 4472 times