(က) စတုတ္ထတန်း နှင့် အဌမတန်း စာမေးပွဲများကို (19-2-2018) မှ (26-2-2018) အတွင်း ကျင်းပရန် ဖြစ်သည်။
(ခ) ကျန်ရှိသော ကျောင်းတွင်းစစ် စာမေးပွဲများကို (7-3-2018) မှ (16-3-2018) အတွင်း ကျင်းပမည်ဖြစ်သည်။
၂. အခြေခံပညာ မူလတန်း (စတုတ္ထတန်း) နှင့် အခြေခံပညာ အလယ်တန်း (အဌမတန်း) နှစ်ဆုံးစာမေးပွဲများကို အောက်ပါ နေ့ရက်/အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးသွားမည် ဖြစ်သည်။
ရက်စွဲ |
စတုတ္ထတန်း နံနက် (၀၉း၀၀) နာရီမှ (၁၀း၃၀) နာရီအထိ |
အဌမတန်း နံနက် (၀၉း၀၀) နာရီမှ (၁၀း၃၀) နာရီအထိ |
၁၉-၂-၂၀၁၈ |
မြန်မာစာ |
မြန်မာစာ |
၂၀-၂-၂၀၁၈ |
အင်္ဂလိပ်စာ |
အင်္ဂလိပ်စာ |
၂၁-၂-၂၀၁၈ |
သင်္ချာ |
သင်္ချာ |
၂၂-၂-၂၀၁၈ |
အခြေခံသိပ္ပံ |
ပထ၀ီဝင် |
၂၃-၂-၂၀၁၈ |
လူမှုရေး |
သမိုင်း |
၂၆-၂-၂၀၁၈ |
- |
အထွေထွေသိပ္ပံ |
ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ ပိတ်ရက်များနှင့် တိုက်ဆိုင်နေသော ဘာသာရပ်အတွက် ခရိုင်နှင့် မြို့နယ်အလိုက် စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲများကို သတ်မှတ်စာမေးပွဲ ကာလနောက်တစ်ရက်သို့ ပြည်နယ်ပညာရေးမှူး အစီအစဥင်္ဖြင့် ပြောင်းရွှေ့သတ်မှတ် စစ်ဆေးသွားရန် ဖြစ်ပါသည်။
READ - တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်
၃. ကျောင်းတွင်းစစ် စာမေးပွဲများကို အောက်ပါအတိုင်း စစ်ဆေးသွားရန်ဖြစ်ပါသည်။
(က) မူလတန်းအောက်ဆင့် သင်ရိုးသစ် ပထမတန်းတွင် စာသင်ခန်းအတွင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်ရန်နှင့် ရရှိသော အချက်အလက်များကို အသုံးပြုပြီး သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် တစ်နှစ် (၂) ကြိမ် ပြုလုပ်ရန် ဖြစ်ပါသည်။ မြန်မာစာ အရေးအဖတ်နှင့် သင်္ချာတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရန် ဖြစ်ပါသည်။
စစ်ဆေးအကဲဖြတ်တစ်နှစ်လျှင် မိဘများထံ အစီရင်ခံစာ (၂) ကြိမ် ပေးပို့ရပါမည်။ မိဘများနှင့် ဆွေးနွေးတိုင်ပင်ခြင်း တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ပြုလုပ်ရပါမည်။ ပုံမှန်စစ်ဆေးအကဲဖြတ် ရလဒ်များကို အခြေခံပြီး ထိရောက်သော သုံးသပ် အားဖြည့်မှု ပုံမှန် ပြုလုပ်ကာ အတန်းကူးပြောင်းပေးရန် ဖြစ်ပါသည်။
(ခ) မူလတန်းအောက်ဆင့် သင်ရိုးဟောင်း ဒုတိယတန်း၊ မူလတန်း အထက်ဆင့် တတိယတန်း၊ အလယ်တန်းအဆင့် သင်ရိုးဟောင်း ပဉ္စမတန်း၊ ဆဌမတန်း နှင့် သတ္တမတန်း တို့တွင် နှစ်ဆုံး စစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၆) ရက်နေ့အတွင်း တစ်ရက်လျှင် တစ်ဘာသာစီအား ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် စစ်ဆေးရန် ဖြစ်သည်။
(ဂ) အထက်တန်းအဆင့် သင်ရိုးဟောင်း န၀မတန်း အတွက် နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၆) အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၂) နာရီ သတ်မှတ်၍ စစ်ဆေးရန်ဖြစ်သည်။
(ဃ) အထက်တန်းအဆင့် သင်ရိုးဟောင်း ဒသမတန်း အတွက် နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၆) အတွင်း ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၃) နာရီ သတ်မှတ်၍ စစ်ဆေးရန်ဖြစ်သည်။
၎. သင်ရိုးဟောင်း ဒုတိယတန်း မှ တတိယတန်း အထိ၊ ပဉ္စမတန်းမှ သတ္တမတန်းအထိ နှင့် န၀မတန်း တို့တွင် နှစ်ဆုံး စစ်ဆေးခြင်း၊ နှစ်ဝက်စစ်ဆေးခြင်း၊ အခန်းဆုံး စစ်ဆေးခြင်း နှစ်ကြိမ်တို့တွင် ရရှိခဲ့သော ရလဒ်များအပေါ်တွင် အခြေခံ၍ အောင်/ရှုံး ဆုံးဖြတ်ရန် ဖြစ်သည်။
၅. ဒသမတန်းတွင် နှစ်ဆုံး စစ်ဆေးခြင်းဖြင့် အခြေခံပညာ ပြီးမြောက်မှု စစ်ဆေးရန် ဖြစ်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: ministry of education