အခြေခံပညာအတန်းများ၏ အောင်စာရင်း ဧပြီ ၂၁ ရက် ကြေညာမည်

အခြေခံပညာအတန်းများ၏ အောင်စာရင်း ဧပြီ ၂၁ ရက် ကြေညာမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါ အ၀င် အခြေခံပညာအတန်းများ ၏ စာမေးပွဲအောင်စာရင်းကို ဧပြီ၂၁ ရက်တွင် ကြေညာမည် ဖြစ် သည်။

ပထမတန်းမှ န၀မတန်းအထိ စာမေးပွဲအောင်စာရင်းကို ဧပြီ၂၁ ရက်တွင် အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာရန်နှင့် အောင်စာရင်း ကြေညာစာရွက်တွင် ခုံအမှတ်၊ အမည်၊ အဘ အမည် တို့ ကိုသာ ဖော်ပြရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တစ်ဆင့် အခြေခံပညာ ကျောင်းများသို့ ညွှန်ကြားထားသည်။
 
‘‘အရင်က နှစ်ဆန်း ၂ ရက် ဆို အောင်စာရင်းထွက်နေကျပါ။ နှစ်ဆန်း ၂ ရက် အောင်စာရင်း ကပ်ထားရင် ပိတ်ရက်ခရီးထွက် ကြသူတွေက အောင်စာရင်းလာ မကြည့်ရသေးဘူး။ ကပ်ထားတဲ့ အောင် စာရင်း စာရွက်တွေက ပျက်စီးကုန်တာမျိုးဖြစ်တော့ ရက်ပြောင်းခဲ့တာ။ ဒီနှစ်ဆို ဧပြီ ၂၁ ရက် တနင်္ဂနွေအောင်စာရင်းကပ် ဖို့ ညွှန်ကြားထားတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ညွှန်ကြားရေး မှူးတစ်ဦးက ဆိုသည်။

READ - အခမဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကွန်ပျူတာအခြေခံသင်တန်း
 
ပညာအတန်း အောင်မြင်သူများကို ကြေညာရာတွင် ၂၀၁၆-၁၇ ပညာသင်နှစ်က အတန်းကူးပြောင်းစာရင်းဟု ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ၂၀၁၇-၁၈ ပညာသင်နှစ်ကစတင်ကာ အောင် စာရင်း ဟုသာ ပြောင်းလဲကြေညာ ရန် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ညွှန်ကြားထားသည်။
 
‘‘အောင်စာရင်းကို အောင်စာရင်းလို့ပဲ ထုတ်ရမှာပေါ့။ အတန်းကူးပြောင်းခွင့် ရရှိသူများ စာရင်း တို့၊ အတန်းတက်ခွင့်ရသူများ စာ ရင်းတို့မရေးဘဲ အောင်စာရင်းလို့ ပဲ ရေးပြီး ခုံအမှတ်၊ ကျောင်းသား အမည်၊ အဘအမည်ပဲထည့်ပြီး ကြေညာဖို့ ပြောထားတယ်’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။
 
ယခုပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းနှစ်ဆုံးစာမေး ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ၊ ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည်။
 
စတုတ္ထတန်း၊ အဋ္ဌမတန်းနှစ် ဆုံးစာမေးပွဲတွင် ၃၉ မှတ်ရရှိသူအောက်(ကျရှုံးသူ)များအား တစ်နှစ်လုံးဖြေဆိုထားသည့် အခန်း ဆုံးစာမေးပွဲများ၊ ပထမနှစ်ဝက် ဆုံးစာမေးပွဲနှင့် ကျောင်းလုပ်ငန်း ဆောင်ရွက် မှု ရလဒ်များဖြင့် အ အောင်ပေးမည်ဟု အခြေခံ ပညာ ဦးစီးဌာနက ပြောကြားသည်။
 
ပညာရေးဝန်ကြီးဌာန စာ ရင်းများအရ တစ်နိုင်ငံလုံးတွင် အ ခြေခံပညာကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိသည်။

READ - နွေရာသီအခြေခံ အဆင့်မြင့် ကျွမ်းဘား သင်တန်း

source: 7day

News Read 4889 times