အခြေခံပညာအတန်းစာမေးပွဲများကို တစ်ရက်နောက်ဆုတ် သတ်မှတ်လိုက်ခြင်း

အခြေခံပညာအတန်းစာမေးပွဲများကို တစ်ရက်နောက်ဆုတ် သတ်မှတ်လိုက်ခြင်း

ပညာရေးဝန်ကြီးဌာနမှ ယခုပညာသင်နှစ်၏ အခြေခံပညာအဆင့်အတန်းအသီးသီး၏ နှစ်ဆုံး အခန်းဆုံး၊ ဒုတိယနှစ်ဝက်ဆုံး စစ်ဆေးခြင်းများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပရန် ယခင်က ထုတ်ပြန်ထားပါသည်။

ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ (ကလေးများနေ့) ဖေဖော်ဝါရီ ၁၃ ရက် ဖြေဆိုရမည့်အစား ဖေဖော်ဝါရီ ၁၄ ရက်တွင် တစ်ရက်ပြောင်းရွှေ့လိုက်ပါတယ်။

ယခုနှစ်၏ စတုတ္တတန်းနှင့် အဌမတန်းအတန်းတင်စာမေးပွဲများကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၇ ရက်နေ့ အစား ယခုအခါ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက် နေ့ အဖြစ် ပြောင်းလဲ လိုက်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

စာမေးပွဲကို တစ်ရက်စီ နောက်ဆုတ်လိုက်သည့်အတွက် မူလတန်းအောက်ဆင့် ပထမတန်းတွင် သင်ကြားပြီးစီးမှုအပေါ် ပုံမှန်စစ်ဆေးခြင်းနှင့် ဒုတိယတန်းအတွက် အခန်းဆုံးစစ်ဆေးခြင်း၊ တတိယတန်း၊ ပဉ္စမတန်း၊ သတ္တမတန်းတို့အတွက် အခန်းဆုံးစစ်ဆေးမှုတို့ကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်း စာသင်ချိန်တစ်ချိန်စာ အသုံးပြု စစ်ဆေးရမည် ဖြစ်ပါတယ်။

အထက်တန်းအဆင့်အတွက် အခန်းဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဘာသာရပ်တစ်ခုလျှင် ၂ နာရီ နှုန်းသတ်မှတ်ပြီး စစ်ဆေးရန်နှင့် အထက်တန်းအဆင့် ဒသမတန်းအတွက် နှစ်ဝက်စစ်ဆေးခြင်းကို ဖြေဆိုချိန် ၃ နာရီ သတ်မှတ်၍ စစ်ဆေးရမည် ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှ ယခုပညာသင်နှစ်မှ စတင်ပြီး စာမေးပွဲရလဒ်များကို နှစ်စဉ်နှစ်ဆန်း ၂ ရက်နေ့ ထုတ်ပြန်လေ့ရှိသည်ကို သင်္ကြန်ကာလရုံးပိတ်ရက်များကုန်ဆုံးသည့် နောက်ဆုံးရက်များတွင်သာ ထုတ်ပြန်ကြေညာရန်ကိုလည်း ပြောင်းလဲ မှု ပြုလုပ်ထားပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1665 times