ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းသင်ခန်းစာများကို ရေဒီယိုများမှ ထုတ်လွှင့်ပို့ချမည်

ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းသင်ခန်းစာများကို ရေဒီယိုများမှ ထုတ်လွှင့်ပို့ချမည်

အကြောင်းအရာများ၊ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ သတင်း အချက်အလက်များကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ရေဒီယိုများမှ တစ်ဆင့် အသံလွှင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိလုပ်နေတာတွေကတော့ Education Channel, MRTV ကနေ ရုပ်သံလွှင့်တယ်။ နောက်ဆိုရင် ကိုယ်ပိုင် ချန်နယ်အထိ သွားဖို့ရှိပါတယ်။

ဇာတ်လမ်းတွေရိုက်၊ သင်ခန်းစာအစီအစဉ်တွေကို ရိုက်ပြီး ပို့ချတာတွေအထိ လုပ်ချင်တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပို့ချမည့် အစီအစဉ်များမှာ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းသင်ခန်းစာများ၊ ပညာရေးဘွဲ့စာပေးစာသင်တန်းများအတွက် ပို့ချချက်များ၊ ပညာရေးအကောင်အထည်ဖော်မှုဆိုင်ရာ လမ်းညွှန်ချက် (အထူးအစီအစဉ်) တို့ဖြစ်သည်။

ပို့ချမည့်အချိန်နှင့် လှိုင်းတိုတို့မှာ စနေနေ့တွင် လှိုင်းတို ၃၀.၈၅ မီတာ (၉၇၃၀ ကီလိုဟတ်) ၊ လှိုင်းလတ် ၅၀၅ မီတာ (၅၉၄ ကီလိုဟတ်) တို့မှ မွှန်းလွဲတစ်နာရီဆယ်မိနစ်မှ တစ်နာရီနှစ်ဆယ့်ငါးမိနစ်အထိ ဖြစ်သည်။

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာတို့တွင် ၅၀.၇၁ မီတာ (၅၉၁၅ မီလိုဟတ်) ၊ လှိုင်းတို ၅၀ ကီလိုဝက်မှ မွှန်းလွဲတစ်နာရီအချိန်မှ တစ်နာရီခွဲအချိန်ထိ ထုတ်လွှင့်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ ထိုသင်ခန်းစာများပို့ချမှုများကို ရေဒီယိုများမှ ထုတ်လွှင့်ပေးမည့်အချိန်သည် အများဆုံး မိနစ် ၃၀ ခန့်သာ အချိန်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2712 times