ပညာရေးစာပေးစာယူဘွဲ့သင်တန်းတွေ ဧပြီလ ၁၉ စဖွင့်မည်

ပညာရေးစာပေးစာယူဘွဲ့သင်တန်းတွေ ဧပြီလ ၁၉ စဖွင့်မည်

အခြေခံပညာဦးစီးဌာနတွေနဲ့ ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်တွေ အပါအ၀င် အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူတွေပါ လျှောက်ထားခွင့်ပြုခဲ့တာပါ။

အထက်တန်းပြ ဒါမှမဟုတ် အလယ်တန်းပြလစာနှုန်းတူ သင်ကြားရေးနဲ့ သက်ဆိုင်သူတွေ ပညာရေးကောလိပ်တွေမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူတွေလည်း ပါဝင်ပါတယ်။

သင်တန်းကာလမှာ ဧပြီလ ၁၉ ရက်ကနေ မေလ ၄ ရက်နေ့အထိ ဖြစ်ပြီး စာမေးပွဲကာလကတော့ မေလ ၇ ရက်နေ့ကနေ မေ ၁၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

READ - လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၁၈) ရေးဖြေအောင်စာရင်းများ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်မည်

သင်တန်းသား/သူများအနေဖြင့် ဧပြီလ ၁၈ရက်နေ့မှာ ပညာရေးဘွဲ့စာပေးစာယူ သင်တန်းဌာနကို သတင်းပေးပို့ရမှာ ဖြစ်ပါသည်။

မြို့နယ်ပညာရေးမှူးတွေအနေနဲ့ မိမိမြို့နယ်အတွင်းမှာရှိတဲ့ သင်တန်းသား/သူများကို အချိန်မီ အကြောင်းကြား ပေးရမှာပါ။

ပညာရေးကောလိပ်တွေကနေ လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ ပညာရေးကောလိပ် ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်ပြီး ပညာရေးသုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာန ရဲ့ ခွင့်ပြုချက်ရယူပြီးမှ လျှောက်လွှာတင်သွင်းခွင့်ပြုထားပါတယ်။

အထူးပြု ဘာသာရပ် ရွေးချယ်လျှောက်ထားတဲ့အခါ ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းကျွမ်းကျင်မှု တို့အတွက် အထူးပြုဘာသာရပ်တစ်ခုတည်းကို သာ ရွေးချယ်သင်ယူခွင့်ပြုတယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: kumudranews

News Read 1336 times