ကျောင်းအပ်ချိန်တွင် ငွေကြေးကောက်ခံသောသူများ အရေးယူခံရမည်ဟု ပညာရေးမှူးသတိပေး

ကျောင်းအပ်ချိန်တွင် ငွေကြေးကောက်ခံသောသူများ အရေးယူခံရမည်ဟု ပညာရေးမှူးသတိပေး

လာမည့် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများထံမှ မည်သည့်ငွေကြေးမှ ကောက်ခံခြင်း မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားပါသည်။

ညွှန်ကြားချက်ကို လိုက်နာသောအားဖြင့် ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် နှင့် ငွေကြေးကောက်ခံခြင်းများကြောင့် တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားပါက ကောက်ခံသောသူတွင်သာ တာဝန်ရှိကြောင်း ပညာရေးမှူးများက ပြောကြားထားသည်။

ပညာရေးဝန်ကြီးဌာနက အခမဲ့ပညာရေးအတွက် ဘာကိုမှ မကောက်ရဘူးလို့ ညွှန်ကြားထားပြီးသားပါ။ ထို့ကြောင့် မကြောက်ဘဲ ကောက်ရင်တော့ စည်းမျဉ်းစည်းကမ်းနဲ့အရေးယူခံရလိမ့်မယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကျောင်းတွေမှာ ကျောင်းထောက်ပံ့ကြေးပေးထားတာတွေက အရင်မိဘဆရာအသင်းကြေးတို့ အားကစားကြေးတို့ ကောက်တဲ့ပမာဏထက် ပိုများပါတယ်။ ကျောင်းအတွက် သုံးရင် လောက်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်ရာသီတွင် ပညာရေးဝန်ထမ်းများ လိုက်နာရမည့် တားမြစ်ချက်များ၊ မိဘများက လက်ဆောင်ပစ္စည်းပေးခြင်းများ၊ မိဘများထံမှ အခကြေးငွေ တောင်းခံခြင်းများ မပြုလုပ်ရန် အခမဲ့ ပညာရေးစနစ် အကောင်အထည် ဖော်စဉ်ကတည်းက တားဖြစ်ထားပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင်လည်း ငွေကောက်ခံခြင်းများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ကို အမိန့်ညွှန်ကြားစာများ ထုတ်ပြန်ပြီး တားမြစ်လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူတွေအနေနဲ့ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာကြပါလို့ ပြောချင်ပါတယ်။

ဖြစ်သွားရင်တော့ ၀န်ကြီးဌာနက ညှာတာ ထောက်ထားမယ့် အနေအထားမှာ မရှိပါဘူး။ ဘာကြောင့် ကောက်ကောက် ၊ ဘယ်လိုကောက်ကောက်၊ ကောက်တဲ့သူမှာ တာဝန်ရှိပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7197 times