၇ တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်တဲ့ အနုပညာ အထက်တန်းကျောင်း

၇ တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်တဲ့ အနုပညာ အထက်တန်းကျောင်း

သင်တန်းကို အခြေခံပညာအလယ်တန်း (သတ္တမတန်း) အောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပညာရပ်တွေအပြင် အခြေခံပညာ(အဋ္ဌမတန်း၊ န၀မတန်းနဲ့ တက္ကသိုလ်ဝင်တန်း) စာပေပညာတွေကို ပူးတွဲသင်ကြားခွင့် ရရှိမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အနုပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး-ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေမှာ စုံစမ်းမေးမြန်းပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ အနုပညာဦးစီးဌာနစီမံရေးရာဌာခွဲ၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၈၀၃၇၊ အနုပညာ ဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ ရုံးအမှတ် (၃၅)၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၈၄၄၃ ၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်) အမှတ် ၁၃၁၊ ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့ ဖုန်း-ဖုန်း-၀၁-၅၅၅၆၄၂ ၊ ၀၁-၅၅၄၆၉၅ ၊ အနုပညာ အထက်တန်း ကျောင်း(မန္တလေး)၊ ၂၀_၂၂လမ်းကြား၊ ၆၆လမ်း၊ နန်းရှေ့၊ မန္တလေးမြို့ ဖုန်း-၀၂-၆၁၁၆၉ တွေကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: internet

News Read 2776 times