မွန်ပြည်နယ်ရှိ တိုင်းရင်းသား စာပေသင်ကြားနေသော အခြေခံပညာကျောင်းများတွင် နေ့စား လပေး ဆရာ၊ ဆရာမ ၄၆၃ ဦး ခန့်အပ်ပြီး ဖြစ်

မွန်ပြည်နယ်ရှိ တိုင်းရင်းသား စာပေသင်ကြားနေသော အခြေခံပညာကျောင်းများတွင် နေ့စား လပေး ဆရာ၊ ဆရာမ ၄၆၃ ဦး ခန့်အပ်ပြီး ဖြစ်

မွန်ပြည်နယ်အတွင်း တိုင်းရင်းသားစာပေ သင်ကြားရန် နေ့စားလပေး ဆရာ၊ ဆရာမများခန့်ထားရန် လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူ ဆရာ၊ ဆရာမ ၆၃၇ ဦးရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆရာ၊ ဆရာမ ၄၆၃ ဦးကို ခန့်အပ်ပြီး ဖြစ်ကြောင်း သိရသည်။

READ - သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည့် ဒုတိယတန်းတွင် စာမေးပွဲဖြေဆိုရန် မလိုတော့

“တရားဝင်ခန့်အပ်စာတွေ မရောက်သေးပါဘူး။ ပြည်ထောင်စုက တရားဝင်ခန့်အပ်ကြောင်း နိုင်ငံပိုင် သတင်းစာမှာ ဇန်န၀ါရီလ ၉ ရက်ထုတ်မှာ ထုတ်ပြန်ထားတယ်။ မွန်ပြည်နယ်အတွက် ခန့်အပ်လိုက်တဲ့ ၄၆၃ ဦးက သင်ကြားတဲ့နေရာမှာ မလုံလောက်သေးပါဘူး။ နောင်နှစ်တွေမှာ လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကို ထပ်ခေါ်ဖို့ရှိတယ်။ အခုခန့်အပ်လိုက်တဲ့ နေ့စားလပေး ဆရာ၊ ဆရာမတွေက ကျောင်းတွေမှာ အချိန်ပြည့် သင်ကြားပေးရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုခန့်အပ်လိုက်သည့် ဆရာ၊ ဆရာမများသည် လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားရမည် ဖြစ်ပြီး မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းချိန်ပြင်ပ မွန်တိုင်းရင်းသား စာပေ သင်ကြားသူ ဆရာ၊ ဆရာမဦးရေ ၅၆၈ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂၃၀၅၀ က ကျောင်းပေါင်း ၂၇၀ တွင်လည်းကောင်း၊ ကရင်တိုင်းရင်းသား စာပေသင်ကြားသူ ဆရာ၊ ဆရာမ ၄၈၄ ဦးက ကျောင်း ပေါင်း ၂၇၃ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၇၂၃၃ ဦးကိုလည်းကောင်း၊ ပအိုဝ်း တိုင်းရင်း သား စာပေသင်ကြားသူ ဆရာ၊ ဆရာမ ၆၆ ဦးက ကျောင်းပေါင်း ၃၀ တွင် ကျောင်းသား၊ ကျောင်းသူ ၂၁၅၆ ဦးအားလည်းကောင်း၊ သင်ကြားပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3078 times