အခြေခံပညာ ကျောင်းများတွင် အင်္ဂလိပ်စာ သင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၁၅ ဦး ထပ်မံရောက်ရှိ

အခြေခံပညာ ကျောင်းများတွင် အင်္ဂလိပ်စာ သင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၁၅ ဦး ထပ်မံရောက်ရှိ

Peace Corps ဒုတိယအသုတ်တွင် စေတနာ့ဝန်ထမ်း ၁၅ ဦးပါဝင်၍ ယင်းတို့သည် အခြေခံ ပညာကျောင်းများရှိ အင်္ဂလိပ်ဘာသာပြ မြန်မာဆရာ၊ ဆရာမများ နှင့်အတူ ၂ နှစ်ကြာတာဝန်ထမ်း ဆောင်မည် ဖြစ်သည်။

စေတနာ့ဝန်ထမ်းများသည် တာဝန်မထမ်းဆောင်မီ အတွင်း သီတင်းပတ် ၁၀ ပတ်ကြာ ကြိုတင်၍ မြန်မာ ဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေး စွမ်းရည်၊ ကျန်းမာရေးနှင့် ဘေး ကင်းလုံခြုံရေးဆိုင်ရာ အကြိုသင် တန်းများ တက်ရောက်ခဲ့သည်။

Peace Corps ဖွဲ့ ပထမအသုတ် စေတနာ့ဝန်ထမ်း ငါးဦးသည် ၂၀၁၆ က ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံ ပညာအလယ်တန်း ကျောင်းများနှင့် အထက်တန်း ကျောင်းများတွင် အင်္ဂလိပ်ဘာ သာစကားသင်ကြားပေးခဲ့ပြီး ယခုအကြိမ်တွင် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းများတွင် တိုးချဲ့သင်ကြားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 6531 times