စတုတ္ထတန်းနှင့် အဌမတန်းကျောင်းထွက်ထားသူများ နှစ်ဆုံးစာမေးပွဲကို ပြင်ပမှဖြေလိုပါက လျှောက်ထားနိုင်

စတုတ္ထတန်းနှင့် အဌမတန်းကျောင်းထွက်ထားသူများ နှစ်ဆုံးစာမေးပွဲကို ပြင်ပမှဖြေလိုပါက လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများသို့ ၀င်ရောက် လာစေရေးနှင့် ကျောင်းထွက်နှုန်းများ လျော့နည်းစေရန်၊ ကျောင်းနေနှုန်းများ မြင့်မားလာစေရန် ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်ပြီးမြောက်ထားသူများနှင့် အလယ်တန်းအဆင့်ပြီး မြောက်ထား သူများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေပါက ပြန်လည်ဝင်ရောက်လာ စေရန် အတွက် နှစ်ဆုံးစာမေးပွဲများ ကျင်းပချိန်တွင် ပြင်ပဖြေများအဖြစ် ၀င်ရောက်ဖြေဆိုလိုပါက ဖြေဆိုခွင့် လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

READ - ပထမတန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင် သင်ထောက်ကူပစ္စည်း ၁၅ မျိုးပါ သေတ္တာတစ်လုံးနှုန်း ထောက်ပံ့မည်

“ရှစ်တန်းရော၊ လေးတန်းရော ကျောင်းထွက်သွားပြီး အခုချိန်မှာ ကျောင်းကို ပြန်ဝင်လာချင်တယ်ဆိုရင် နှစ်ဆုံးစာမေးပွဲ မကျင်းပမီ သတ်မှတ်ရက်မှာ ပြင်ပဖြေအဖြစ် လျှောက်ထားပေးထားပြီး ဖြေဆိုခွင့် ပေးထားပါတယ်။ ဖြေဆိုလို့ အောင်မြင်တယ်ဆိုရင် အတန်းကူးပြောင်းခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခု ၂၀၁၇-၁၈ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် အဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲများကို ပြင်ပ ဖြေဆိုအဖြစ် ၀င်ရောက်ဖြေဆိုလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းထွက် လက်မှတ်များ၊ အောင်မြင်ကြောင်း ထောက်ခံစာများကို သက်ဆိုင်ရာ ကျောင်းများထံသို့ ယူဆောင်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 6711 times