လာမည့်ပညာသင်နှစ်အတွက် ပညာရေးကောလိပ်သင်တန်းဆင်း တစ်သောင်းကျော် ခန့်ထားပြီးမှ သာ နေ့စားလပေးမူလတန်းပြများ ခေါ်ယူမည်

လာမည့်ပညာသင်နှစ်အတွက် ပညာရေးကောလိပ်သင်တန်းဆင်း တစ်သောင်းကျော် ခန့်ထားပြီးမှ သာ နေ့စားလပေးမူလတန်းပြများ ခေါ်ယူမည်

၎င်းတို့ကို ခန့်ထားရေး များ ဆောင်ရွက်ပြီးမှသာ နေ့စားလပေးများ ခေါ်ယူရေးများကို စဉ်းစားဆုံးဖြတ်သွား မည်ဖြစ်သည်။

လက်ရှိတွင် နေ့စားလပေး မူလတန်းပြများကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိကို တိုင်းဒေသကြီး ပြည်နယ်များ၏ လိုအပ်ချက်စာရင်းများကိုလည်း တွက်ချက်လျက်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ပညာရေးကောလိပ် ၂၅ ခုမှ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၄/၂၀၁၇) ဆင်းသူ ခြောက်ထောင်ခန့်နှင့် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဆင်း ငါးထောင်ကျော်ကို အခြေခံပညာဦးစီးဌာနသို့ ယခင်နှစ်ကုန်ပိုင်းခန့်ကတည်းက လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာဦးစီးဌာနမှ ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ဘွဲ့ရနေ့စား လပေး မူလတန်းပြများကို ခန့်ထားခဲ့ခြင်းမရှိဘဲ လက်ရှိတွင် မူလတန်းပြအရေအတွက်မှာ ငါးသောင်းခန့်ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 4043 times