မြန်မာနိုင်ငံ၏ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းကို ခေတ်နဲ့အညီ လျော်ညီအောင် ပြင်ဆင်ရန် တိုက်တွန်း

မြန်မာနိုင်ငံ၏ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းကို ခေတ်နဲ့အညီ လျော်ညီအောင် ပြင်ဆင်ရန် တိုက်တွန်း

သင်ကြားရေး နည်းစနစ်နဲ့ အကဲဖြတ်နည်း စနစ်တွေကို ခေတ်နဲ့အညီ ပြောင်းလဲသင့်တယ်လို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာကို သူငယ်တန်းကနေ အထက်တန်း၊ တက္ကသိုလ်အထိ သင်ကြား ပေးသော်လည်း အထက်တန်းပြီးချိန်မှာ ကျောင်းသားအများစုဟာ အင်္ဂလိပ်ဘာသာကို နားလည်၊ ရေးသား၊ ပြောဆို ဆက်သွယ်အသုံးချရန် အခက်အခဲ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

READ - အွန်လိုင်းတွင် ပညာသင်ကြားနိုင်မည့် website တစ်ခု မကြာမီလွှင့်တင်မည်

” လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့ အင်္ဂလိပ်စာ အသုံးချပြောဆို ဆက်သွယ်နိုင်မှု အားနည်းတဲ့အတွက် အလုပ်အကိုင် အခွင့်လမ်းကောင်းတွေကို ပြည်တွင်းမှာပင် လက်လွတ်ဆုံးရှုံး နေကြရပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ကျောင်းသားတွေအနေနဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာတွေကို အသုံးချပြီး နိုင်ငံတကာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက် လေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာကို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ ပါတယ်။

လက်ရှိပြဋ္ဌာန်းထားတဲ့ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းတွေမှာ reading and writing skills နှစ်ခုကိုသာ အဓိကထား သင်ကြားပေးနေပြီး စာမေးပွဲစစ်ဆေးရာတွင်လည်း ဒီနှစ်ခုကိုသာ အဓိကထား စစ်မေးနေသော်လည်း ဒီ skills နှစ်ခုကို တတ်မြောက် အသုံးချနိုင်စွမ်း နိမ့်ပါးနေပါသေးတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 3118 times