ယခုပညာသင်နှစ်မှစပြီး စာသင်နှစ်တစ်နှစ်တွင် အခြေခံပညာစာမေးပွဲကို လေးကြိမ်သာ စစ်ဆေးတော့မည်

ယခုပညာသင်နှစ်မှစပြီး စာသင်နှစ်တစ်နှစ်တွင် အခြေခံပညာစာမေးပွဲကို လေးကြိမ်သာ စစ်ဆေးတော့မည်

အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အခြေခံပညာဦးစီးဌာနမှ သတ်မှတ်ပေးထားရာ ယခုနှစ်အတွက် အခြေခံပညာကျောင်းများတွင် အခန်းဆုံးစစ်ဆေးခြင်း နှစ်ကြိမ်နှင့် နှစ်ဝက်ဆုံး စာမေးပွဲနှစ်ကြိမ် စုစုပေါင်း လေးကြိမ်သာ ပြုလုပ်ရန် ညွှန်ကြားထားသည်။

အခန်းဆုံးစစ်ဆေးခြင်းများကို ဇူလိုင်လကုန်တွင် စစ်ဆေးခြင်း၊ ပထမနှစ်ဝက်စာမေးပွဲကို အောက်တိုဘာလတွင် စစ်ဆေးခြင်း၊ ဒီဇင်ဘာလတွင် အခန်းဆုံးစစ်ဆေးခြင်း၊ ဖေဖော်ဝါရီလတွင် ဒုတိယ နှစ်ဝက်ဆုံး စစ်ဆေးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။

READ - စီးပွားရေးတက္ကသိုလ်များ၏ ၀င်ခွင့်ခေါ်ယူမှုပုံစံ ပြောင်းလဲရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြထားဟုဆို

ခုလို သတ်မှတ်လိုက်ခြင်းဖြင့် ကလေးများအတွက် ၀န်ထုပ် လျော့သွားလိမ့်မည်ဖြစ်ပါတယ်။ ပြီးတော့ စာမေးပွဲစစ်လိုက်တိုင်း ကျနေတဲ့ကလေးတစ်ယောက်က စိတ်ဓာတ်ကျပြီး ကျောင်းထွက်ချင်တဲ့စိတ်လည်း လျော့ကျသွားလိမ့်မည် ဖြစ်သည်။

အခန်းဆုံး စစ်ဆေးခြင်းများနှင့် နှစ်ဝက်ဆုံး စာမေးပွဲများ ပြုလုပ်ပြီးတိုင်း အားနည်းသော သင်ခန်းစာများကို ပြန်လည်ဖြည့်ဆည်းသင်ကြားရမည်ဖြစ်သည့်အပြင် ဘာသာရပ်အဖွဲ့များ ဆွေးနွေးခြင်း၊ မိဘများအား ခေါ်ယူတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည် အခြေအနေကို ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းများတွင် အခန်းဆုံး စစ်ဆေးခြင်းအပါအ၀င် နှစ်ဝက်ဆုံး၊ နှစ်ဆုံးစာမေးပွဲများကို အနည်းဆုံး ခုနှစ်ကြိမ်ခန့် ကျင်းပပြုလုပ်ပြီး ထိုစာမေးပွဲ အကြိမ်အရေအတွက်နှင့် ရရှိသော အမှတ်များကို စားပြီး ပျမ်းမျှ ရမှတ်တွက်ချက်ကာ ကျောင်းသား၊ ကျောင်းသူများကို အအောင်ပေးသည့်စနစ်ကို ကျင့်သုံးခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7066 times