ဒုတိယတန်းသင်ရိုးသစ်သင်တန်း ပျက်ကွက်သည့် ဆရာ၊ ဆရာမများကို သင်တန်းပြန်လည်ပေးမည်

ဒုတိယတန်းသင်ရိုးသစ်သင်တန်း ပျက်ကွက်သည့် ဆရာ၊ ဆရာမများကို သင်တန်းပြန်လည်ပေးမည်

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည်ဖြစ်ရာ သင်ကြားမည့် ဆရာ၊ ဆရာမများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်များဖြင့် သင်တန်းများ ပို့ချလျက်ရှိပြီး ကျောင်းအုပ်စုအဆင့် သင်တန်းတွင် အလယ်တန်းပြ ဆရာဖြစ်သင်တန်း၊ မူလတန်းပြဆရာအဖြစ် သင်တန်းတက်ရောက်ရမည့် ဆရာ၊ ဆရာမများနှင့် မီးဖွားခွင့်၊ ဆေးခွင့်ယူသော ဆရာ၊ ဆရာမများကို သင်တန်းများ ပြန်လည်ပေးရန်အတွက် ညွှန်ကြားထားသည်။

ထိုသင်တန်းကို ပျက်ကွက်သည့် ဆရာ၊ ဆရာမ အမည်စာရင်းများ ခရိုင်နှင့် မြို့နယ်များအလိုက် ပြုစုကာ မေ ၂၄ ရက်မှ ဇွန် ၇ ရက်အထိ ပြန်လည်ပို့ချပေးသွားမည် ဖြစ်သည်။

ဒုတိယတန်းသင်ရိုးသစ်သင်တန်းကို သင်ကြားပြသရမည့် ဆရာ၊ ဆရာမများ မကျန်ရှိစေရန်ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် သင်ရိုးအသစ်ဖြင့် သင်ကြားမည့် ဒုတိယတန်းကို ဆရာ၊ ဆရာမ နှစ်သိန်းကျော်အား သင်တန်းများ ပေးအပ်ရန် စီစဉ်ခဲ့ပြီး ပြန်လည်သင်ကြားရမည့် ပုံစံများကိုလည်း ကျောင်းသား/သူများအား ထိရောက်စွာ သင်ကြားပေးနိုင်မည့် သင်တန်းပို့ချပုံများအား စီစဉ်ရေးဆွဲခဲ့ကြောင်း သိရသည်။

ပညာရေးစနစ်အသစ်ကို ၂၀၁၆-၁၇ ခုနှစ်မှစတင်ကာ သူငယ်တန်းအား စတင်ပြောင်းလဲခဲ့ကြောင်း၊ ယမန်နှစ်က ပထမတန်း၊ ၂၀၁၈-၁၉ တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀ တွင် တတိယတန်းကို ပြောင်းလဲသွားမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 2323 times