အသက် (၆) နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်းတွင် စတင်သင်ကြားခွင့်ပြုမည်

အသက် (၆) နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်းတွင် စတင်သင်ကြားခွင့်ပြုမည်

အမျိုးသားပညာရေး ဥပဒေ အရ အသက် (၅)နှစ်ပြည့်ပြီးသော ကလေးများကို မူလတန်းတွင် ပညာသင် ယူစေပြီး အသက် (၆)နှစ်ပြည့် ပြီးသော ကလေးများကို ပထမတန်း၌ စတင်တက်ရောက် ပညာ သင်ယူရန် သတ်မှတ်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

‘‘ငါးနှစ်ပြည့်ပြီးတဲ့ ကလေးတွေကို အမျိုးသားပညာရေး ဥပဒေအရ မူလတန်းမှာ ထားရမယ်။ (၆)နှစ်ပြည့်တဲ့ သူက ပထမတန်း မှာ စတင်တက်ရမယ်။ အဲဒီလို အမျိုးသားပညာရေး ဥပဒေမှာ ဆို ထားပါတယ်’’ဟု ဒေါက်တာခိုင် မြဲက ပြောသည်။

အသက် (၆)နှစ်ပြည့်ပြီးသော ကလေးများကို ပထမတန်းတွင် စတင်ပညာသင်ကြားခွင့်ပြုလိုက် ၍ မူလတန်း မတက်ရောက်ခဲ့သော ကလေးများ ပထမတန်း၌ တက်ရောက်ခွင့်ရရှိမည့် အခြေအနေရှိ နေခြင်းဖြစ်သည်။

‘‘ကျောင်းသားမိဘတွေက မူလတန်းမအပ်တော့ဘဲ ပထမတန်းမှာ တိုက်ရိုက်ကျောင်းအပ်လိုက် ရင် ကလေးအတွက် လိုအပ်တဲ့ ဖွံ့ ဖြိုးမှု၊ အထောက်အကူပြုမှုတွေ မရတော့ဘူးပေါ့။

တစ်ဖက်က ကြည့်ရင်တော့ အခက်အခဲရှိလို့ အသက်ကြီးသွားတဲ့ ကလေးတွေ အတွက် အခွင့်အရေးတစ်ခု ရနိုင် တာပေါ့’’ ဟု ရန်ကုန်မြို့ရှိ အခြေခံ ပညာ ကျောင်းတစ်ခုမှ မူလတန်း ပြဆရာမ ဒေါ်လှရည်က ပြော ကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 1514 times