၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရန် စီစဉ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရန် စီစဉ်

လူရည်ချွန်ရွေးချယ်ရန် ဒီဇင်ဘာ ၁၄ ရက်တွင် အဌမတန်း၊ န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်တို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် အထွေထွေဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးမှုများကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၆ရက်တွင် ကိုယ်ကာယ ကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ကိုလည်းကောင်း စစ်ဆေးမည်ဖြစ်သည်။

စာမေးပွဲစစ်ဆေးရာတွင် မြန်မာစာအတွက် ရမှတ် ၁၀၀၊ အင်္ဂလိပ်စာအတွက် ရမှတ် ၁၀၀၊ ပြင်ပဗဟုသုတအတွက် ရမှတ် ၅၀နှင့် သင်္ချာအတွက် ရမှတ် ၅၀ ပေါင်း၍ အထွေထွေ ဗဟုသုတအတွက် ရမှတ် ၁၀၀၊ လူတွေ့နှုတ်ဖြေတွင် ဘ၀တွက်တာကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့တို့အပေါ် အကဲဖြတ်သော လူတွေ့နှုတ်ဖြေအတွက် ရမှတ် ၄၀၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် စစ်ဆေးခြင်းအတွက် ရမှတ် ၆၀ စသည်ဖြင့် အကဲဖြတ် ရွေးချယ်မည်ဖြစ်သည်။

READ - စနစ်သစ်သင်ရိုးအရ သူငယ်တန်းမှ တတိယတန်းအထိ စာမေးပွဲမစစ်ဆေးတော့

ယင်းကဲ့သို့ စစ်ဆေးမှုကို ရှေးဦးစွာ အဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းအလိုက် တစ်မြို့နယ်လျှင် ပျမ်းမျှနှစ်ဦးနှုန်းကို မြို့နယ်အဆင့်မှ ခရိုင်အဆင့် ဆက်လက်ဖြေဆိုရန် ရွေးချယ်မည် ဖြစ်သည်။

ခရိုင်အဆင့်မှ ရွေးချယ်ရာတွင်လည်း အဌမတန်း၊ န၀မတန်းနှင့် ဒသမတန်း အတန်းလိုက် ငါးမြို့နယ်နှင့် အောက်တစ်ဦးနှုန်း၊ ခြောက်မြို့နယ်မှ ၁၂ မြို့နယ်အတွင်း လေးဦးနှုန်း၊ ၁၃ မြို့နယ်နှင့် အထက် ၆ ဦးနှုန်း အသီးသီး ရွေးချယ်မည် ဖြစ်သည်။

စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလကုန်အထိ သင်ကြားထားသော မာတိကာအရ စစ်ဆေးမည်ဖြစ်သည်။

ကြိုတင်လေ့လာမှုများပြုလုပ်ရန် သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ကျောင်းအုပ်များက မိမိတို့ ကျောင်းမှ လူရည်ချွန်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အသိပေးထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 7237 times