၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1) တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1) တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည်

အခုပညာသင်နှစ် ဇွန်လမှာ သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်ကို စသုံးတယ်။ နောက်လာမယ့်နှစ်မှာ Grade-1 သင်ရိုးညွှန်းတမ်းသစ် အသုံးပြုဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်မလဲကို အမျိုးသား ပညာရေးဥပဒေအရ ကော်မရှင်က စိစစ်နေပါသည်။

ပထမတန်း သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲစိစစ်ခြင်း ပြီးပါက သင်ကြားမည့် ဆရာ ၊ ဆရာ မများအား ဗဟိုအဆင့် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၊ မြို့နယ်အဆင့် ၊ ကျောင်းအုပ်စုအဆင့် သင်ရိုးသစ် သင်ကြားနည်းသင်တန်း များ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

ပထမတန်းသင်ရိုးသစ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်အရ သင်ရိုးသစ်တွင် စဉ်းစားတွေးခေါ်ခြင်းပါဝင်သည့် သင်ယူမှုဖြစ်စဉ် ၊ ကာယ ၊ ဥာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂစသည့် ဗလ ၅ တန်အခြေပြု တည်ဆောက်ထားသည့် သင်ရိုး ညွှန်းတမ်းပုံစံ ၊ ၂၁ ရာစုကျွမ်းကျင်မှုများ ၊ မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ ဘဝတွက်တာကျွမ်းကျင်စရာ ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ၊ ကာယ ၊ ရသ (ပန်းချီ ၊ ဂီတ) စသည့်ဘာသာရပ်အားလုံးကို အဆင့်တူသတ်မှတ်ခြင်း စသည့် အချက်များ ပါဝင်ရေးဆွဲထား ကြောင်းသိရသည်။

ယခုပညာသင်နှစ်တွင် စတင် ပြောင်းလဲကျင့်သုံးခဲ့သော KG+12 အစီအစဉ်အရ ယခုပညာသင်နှစ်၌ သူငယ်တန်း (KG) တက်ရောက်နေသည့် ကလေးငယ်များသည် လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1) သို့ တက်ရောက်ရမည်ဖြစ်ပြီး ယင်းတို့သည် အတန်းတိုင်းတွင် သင်ရိုး ညွှန်းတမ်းအသစ်များဖြင့် သင်ကြားရမည်ဖြစ်သည်။

Source: education digest journal

News Read 2747 times