၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် B.Ed, DTEd နှင့် PPTT သင်တန်းဆင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာဦးစီးဌာနများတွင် ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် B.Ed, DTEd နှင့် PPTT သင်တန်းဆင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာဦးစီးဌာနများတွင် ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်

DTEd (၁၄/၁၉) နှင့် PPTT (၃/၁၆) သင်တန်းဆင်း ၉၉၅၃ ဦးကို မူလတန်းပြဆရာများ အဖြစ်လည်းကောင်း ခန့်ထားပေးပြီး အဆိုပါ B.Ed, DTEd နှင့် PPTT သင်တန်းဆင်းများအားလုံးကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျောင်းအသီးသီးတွင် ဆရာ၊ ဆရာမများအဖြစ် ခန့်ထားပေးပြီးဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနရှိ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ ရာထူးပြောင်းရွှေ့ခန့်ထားရေး နှင့် ရာထူးတိုးမြှင့်ခန့်ထားရေးတို့ကို ဆောင်ရွက်ပေးခြင်း၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များတွင် BE ဘွဲ့ရရှိသူ ဆရာ၊ ဆရာမများအား ကထိကရာထူးအထိ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဆရာ၊ ဆရာမများအား ပြောင်းရွှေ့ခြင်း ဆောင်ရွက်ရန် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရရှိသော ဆရာ၊ ဆရာမများအား ကထိကရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဆရာ၊ ဆရာမများအား ပြောင်းရွှေ့ခြင်းတို့ကို ဆောင်ရွက်ရန် အတည်ပြုခဲ့သည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အရာထမ်း ၃၁ ဦးနှင့် အမှုထမ်း ၁၁၅ ဦးတို့ကိုလည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ အရာထမ်းတစ်ဦးကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အရာထမ်း ၁၂၇၃ ဦးတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနမှ အရာထမ်းတစ်ဦးကိုလည်းကောင်း၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ အရာထမ်း ၂၁ ဦးနှင့် အမှုထမ်း ၃၈ ဦးတို့ကိုလည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားပေးပြီး ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Ministry of Education

News Read 12830 times