၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲများ စစ်ဆေးရန် ရက်သတ်မှတ်ချက်နှင့် ဖြေဆိုချိန်များ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲများ စစ်ဆေးရန် ရက်သတ်မှတ်ချက်နှင့် ဖြေဆိုချိန်များ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ပထမနှစ်ဝက်စာမေးပွဲများကို တိုင်းမှသတ်မှတ်ပေးသည့် ရက်အတွင်း အချိန်စာရင်း ထုတ်ပြန်စစ်ဆေးရန် ဖြစ်ပြီး မိမိကျောင်းမေးခွန်းဖြင့် စနစ်တကျစစ်ဆေးရန်၊ ကျောင်းအုပ်ကြီးက စာမေးပွဲအဖွဲ့ဖြင့် မေးခွန်းနှင့် အမှတ်ပေးစည်းမျဉ်း များကို သတ်မှတ်ပုံစံအတိုင်း ပြုစုရန်၊ မိမိကျောင်း၏ မေးခွန်းနှင့် အမှတ်ပေးစည်းမျဉ်းများအားလုံးကို မှန်ကန်တိကျရန် နှင့် လုံခြုံမှုရှိရန် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ရန် ညွှန်ကြားထားသည်။

READ - စာမေးပွဲများအတွက် ကျောင်းသားများထံမှ အခကြေးငွေများ ကောက်ခံခြင်းမပြုလုပ်ရန် ညွှန်ကြားထား

“စာမေးပွဲက KG နဲ့ Grade 1 အတန်းမှာ မရှိဘူး၊ ဒုတိယအတန်းအတွက်ကိုတော့ သြဂုတ်လနဲ့ စက်တင်ဘာလ သင်ခန်းစာတွေကို အခြေခံပြီး လပတ်ပုံစံနဲ့ ၂၅ မှတ်ဖိုးကို စာသင်ချိန် တစ်ချိန်စာမိနစ် ၃၀ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေအနေနဲ့ ညွှန်ကြားချက်အတိုင်း စာမေးပွဲစစ်ဆေးဖို့ ခရိုင်နဲ့ မြို့နယ် ပညာရေးမှူးတွေကတစ်ဆင့် ဆက်လက်အကြောင်းကြားထားပါတယ်” ဟု ပြောကြားသည်။

တတိယတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီ၊ ပဉ္စမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ ဆဌမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ သတ္တမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ န၀မတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၅၀ နှင့် ဖြေဆိုချိန် နှစ်နာရီ၊ စတုတ္ထတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀ နှင့် ဖြေဆိုချိန် တစ်နာရီခွဲ၊ အဌမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀နှင့် ဖြေဆိုချိန် နှစ်နာရီ၊ ဒသမတန်းအတွက် တစ်ဘာသာလျှင် အမှတ် ၁၀၀နှင့် ဖြေဆိုချိန် သုံးနာရီ စသဖြင့် တစ်နေ့လျှင် တစ်ဘာသာနှုန်း စစ်ဆေးသွားမည်ဖြစ်သည်။

အခြေခံပညာကဏ္ဍ ပထမနှစ်ဝက်စာမေးပွဲများကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများထံမှ စာမေးပွဲစစ်ဆေးခြင်းများအတွက် ငွေကြေး (လုံးဝ) မကောက်ခံရန် ညွှန်ကြားထားပြီး လက်ဆောင်ပစ္စည်း/ငွေကြေးများ တောင်းခံမှုရှိခဲ့ပါက တိုင်ကြားမှုများ ပြုလုပ်နိုင်ရန် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: daily eleven

News Read 8634 times