၁၈ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

၁၈ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တွေမှာ တက်ရောက် ရမှာဖြစ်ပြီး လျှောက်ထားများအနေဖြင့် ကွန်ပျူတာပညာရပ်နားလည်တတ်ကျွမ်းမှု အခြေခံ၊ အင်္ဂလိပ်စာနဲ့အထွေထွေ ဗဟုသုတတို့ကို ရေးဖြေ ဖြေဆိုရမှာ ဖြစ်ပါတယ်။

ထိုရေးဖြေစာမေးပွဲတွေကို ၂၀၁၇ ခုနှစ် ဧပြီ ၄ ရက် စတင်ဖြေဆိုရမှာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဖြေဆိုရမယ့်သူများရဲ့ ခုံနံပါတ်နဲ့စာဖြေဌာနကို ပညာရေးတက္ကသိုလ်တွေနဲ့ စာဖြေဌာနတွေမှာ လာမယ့် မတ်လ ၁ ရက်နေ့ ကြေညာပေးမှာဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူတွေ စာရင်းကို မေလ ၁၁ ရက်နေ့ ကြေညာပေးမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူတွေကို မေလ ၁၉ ရက်နေ့ ရန်ကုန်ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်(မန္တလေးဌာနခွဲ) တို့မှာ စစ်ဆေးမှာဖြစ် ပါတယ်။

သင်တန်းကာလမှာ ၁၀ လ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အခြေခံ ပညာကျောင်းတွေမှာ အလယ်တန်းပြ ဆရာ၊ ဆရာမတွေအဖြစ်ခန့်ထားပေးမည် ဖြစ်ပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာကို ပူးတွဲတင်ပြပေးရမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်နဲ့မြို့နယ်ပညာရေးမှူးရုံးတွေကို လာမယ့် မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ မာလ်တီမီဒီယာအတတ်ပညာဘွဲ့လွန် ဒီပလိုမာ သင်တန်း (PGDMA) တွေကို ခေါ်ယူရာမှာ ၁၈ ကြိမ်မြောက်ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူများ

လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ အသက် ၂၅ နှစ်ထက် မကြီးသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူတွေကတော့ လုပ်သက်အနည်းဆုံးနှစ်နှစ် ရှိပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာ အသက် ၃၅ ထက် မကြီးသူ ဖြစ်ရမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
source: kumudra journal

News Read 4839 times