စီးပွားရေးပညာရပ်ကို လေ့လာနေတဲ့ လူငယ်များ ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား "The Wolf of the Wall Street”"

စီးပွားရေးပညာရပ်ကို လေ့လာနေတဲ့ လူငယ်များ ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား "The Wolf of the Wall Street”"

“မင်းတို့ရဲ့အခက်အခဲကို ချမ်းသာခြင်းနဲ့ ငါဖြေရှင်းပေးမယ်”……….ဆိုတဲ့
မင်းသားချောကြီး လီယိုနာဒို ရဲ့ “ The Wolf of the Wall Street” ဇာတ်ကားကို အားလုံးရင်းနှီးကြလိမ့်မယ် ထင်ပါတယ်။

ဒီဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းတချို့က လူငယ်ထုအကြားမှာ meme တွေအနေနဲ့ တအားပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “The Wolf of the Wall Street” ရုပ်ရှင်ဇာတ်ကားကြီးက ကမ္ဘာမှာ စီးပွားရေးနယ်ပယ်ထဲကို ခြေပစ်ဝင်လိုသူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုလည်းဖြစ်ပါတယ်။

 
စာရေးဆရာကြီး ဂျော်ဒန်ဘဲလ်ဖို့ဒ် ရေးသားခဲ့တဲ့ “The Wolf of Wall Street” ဆိုတဲ့ စာအုပ်ကိုပဲ ဇာတ်ကားပြန်ရိုက်ထားပါ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးက ခုအချိန်ထိ လူငယ်တိုင်းကို ကြည့်ချင်အောင် ဆွဲဆောင်နိုင်တုန်းပဲ ဖြစ်ပါတယ်။


ဘာကြောင့်လဲ ?
ဘာကြောင့်လဲဆိုတော့ ဇာတ်ကားက မြူးတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုတွေအပြင် ဂျော်ဒန်ဘဲလ်ဖို့ဒ် ဆိုတဲ့ အပျက်မီလျံနာဇာတ်ကောင်ပြောရတဲ့ ထိမိလှတဲ့ ဒိုင်ယာလော့ဂ်တွေကြောင့်ပါ။

 
ဂျော်ဒန်ဘဲလ်ဖို့ဒ် ဆိုတဲ့ အရောင်းသမားလေးတစ်ယောက်က Wall Street ကို ရောက်လာပြီး စတော့ရှယ်ယာပွဲစားဖြစ်သွားတဲ့အခါ ဆရာကောင်းသမားကောင်း မာ့ခ် နဲ့တွေ့ပြီး လုပ်ငန်းပိုင်းမှာ ထူးချွန်လာတဲ့အပြင် ဆေးရော မိန်းမပါ စစွဲလာတော့တယ်။ ဒီလိုနဲ့ Wall Street က သူတို့ စတော့ရှယ်ယာကုမ္ပဏီပျက်တော့ ဂျော်ဒန်တစ်ယောက် နောက်အလုပ်တစ်ခုကိုရှာဖွေတဲ့အခါ လုံးဝကိုမမျှော်လင့်ထားတဲ့အခွင့်အရေးတစ်ခုကို သွားတွေ့တော့တယ်။ အဲ့တာက ဦးနှောက်မရှိဘဲ အသားလွတ်ချမ်းသာချင်နေကြတဲ့ လူဆင်းရဲတွေကို စတော့ရှယ်ယာတွေရောင်းရင်း ပွဲစားခ ၅၀% ရနိုင်တဲ့အခွင့်အရေးပါပဲ။ အရောင်းဆိုရင် ဂျပိုးကိုတောင် လိပ်ဖြစ်အောင်ပြောပြီး ဆွဲဆောင်နိုင်တဲ့ ဂျော်ဒန်အတွက်တော့ ဒီအလုပ်ကနေ တစ်လကို ဒေါ်လာ ၇၅၀၀၀၀ အထက်ကို အေးဆေးရှာနိုင်တော့တာပေါ့။ ဒီလိုနဲ့ သူမိန်းမက သူ့ကို လူဆင်းရဲတွေဆီက ယူနေတာထက်စာရင် သုံးမကုန်အောင်ချမ်းသာနေတဲ့ သူဌေးကြီးတွေကို စတော့ရှယ်ယာရောင်းဖို့ အကြံပေးလိုက်တော့……….
 

ဂျော်ဒန်တစ်ယောက်ဘယ်လိုတွေစီစဉ်မလဲ။ ဘယ်လို နည်းစနစ်တွေကို အသုံးပြုပြီး ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါ။

ဒါပေမဲ့ နာမည်ကြီး ဂျော်ဒန်ဘဲလ်ဖို့ဒ် ရဲ့ ထိမိတဲ့ စကားလုံးလေးတွေကို လက်ဆောင်အနေနဲ့ ပေးလိုက်ပါရစေ။

There’s no nobility in poverty. I’ve been a rich man and I’ve been a poor man. And I choose rich every f**king time.
ဆင်းရဲခြင်းမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ ငါက ဆင်းရဲသားလည်းဖြစ်ဖူးတယ်။ သူဌေးလည်းဖြစ်ဖူးတယ်။ ဒါပေမဲ့ ငါက အချိန်တိုင်း ချမ်းသာခြင်းကိုပဲရွေးချယ်တယ်။

 
It’s business. Leave your emotions at the door.
ဒါက စီးပွားရေးပဲ။ မင်းရဲ့ ခံစားချက်တွေကို တံခါးအပြင်မှာပဲ ထားခဲ့။

 
Hard work beats talent. Every time!
အရည်အချင်းကို ကြိုးစားခြင်းက အမြဲနိုင်တယ်။
 

I ain’t going anywhere!
ငါဘယ်မှမသွားဘူး။

 
ဒီ ဒိုင်ယာလော့တွေက ဂျော်ဒန်ဘဲလ်ဖို့ဒ်ကို နာမည်ကြီးစေတဲ့ ဒိုင်ယာလော့တွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “The Wolf of Wall Street” ကို ကြည့်ပြီးတဲ့နောက်မှာ အတွေးတွေအများကြီးရခဲ့ပါတယ်။ 

အဲ့ထဲက အခုကျွန်တော် စာဖတ်သူတို့ကို ဝေမျှချင်တဲ့အချက်ကတော့ “ပိုက်ဆံတွေ စက္ကန့်တိုင်းမှာ ဝင်နေနိုင်ဖို့အတွက် လိုအပ်တာ ပိုက်ဆံရှာရဲတဲ့သတ္တိပါ” ဆိုတဲ့အချက်ပါပဲ။ ဒါဆို စာဖတ်ပရိသတ်ကြီးရော ဘယ်လိုအတွေးမျိုးတွေကို ဒီဇာတ်ကားလေးကနေ ရမလဲ? “ The Wolf of Wall Street” ဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
 

Movie Quote ….
“လူတစ်ယောက် အရမ်းအောင်မြင်လာပြီ၊ အမြင့်တတ်လာပြီဆိုရင် … သူ့ကို ဟိုး အောက်ဆုံးထိ ပြန်ဆွဲချဖို့ ကြံနေတဲ့ လူတစ်ယောက်လည်း အမြဲတမ်း ရှိနေတတ်တယ် ….”


Video Link - https://channelmyanmar.org/channelmyanmar2-blogspot-co-512/ 

 

စီးပွားရေးနှင့်ပတ်သက်သည့်ဘာသာရပ်များကိုလေ့လာလိုပါလျှင် - https://bit.ly/39gdOEj
# Accountancy
# Advertising & PR 
# Business Management 
# Marketing & Sales
# Secretarial Skills
 

University / College Read 1440 times