YUFL ညနေပိုင်းသင်တန်းများကို လာမည့်စက်တင်ဘာလအတွင်း အွန်းလိုင်းမှ လျှောက်ထားနိုင်မည်

YUFL ညနေပိုင်းသင်တန်းများကို လာမည့်စက်တင်ဘာလအတွင်း အွန်းလိုင်းမှ လျှောက်ထားနိုင်မည်

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၏ ညနေပိုင်း Certificate တန်းများကို စက်တင်ဘာလလယ်မှ စတင်ပြီး အွန်လိုင်းမှ လူပြည့်သည်အထိ လက်ခံမည်ဖြစ်သည်။

ဖွင့်လှစ်မည့် ညနေပိုင်းဘာသာရပ်သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာ၊ ဂျာမန်ဘာသာရပ်များ ဖြစ်သည်။

ထိုသင်တန်းများကို တက်ရောက်လိုသူများသ်ည www.YUFL.Info/chrd-form နှင့် www.myanmarwave.com/yufl-chrd-form တွင် ရယူပြီး လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားမည့်သူသည် အီးမေးလ်အကောင့်ရှိရန် လိုအပ်ပါသည်။

READ - ၂၀၁၇ ခုနှစ် မတိုင်မီနှစ်များ၏ တက္ကသိုလ်အလိုက် ၀င်ခွင့်ရ အနိမ့်ဆုံးရမှတ်များ

“သင်တန်းကို စက်တင်ဘာလမကုန်ခင်မှာ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ သင်တန်းခေါ်ပြီး ၀င်ခွင့်ရတဲ့သူတွေဟာ အောက်တိုဘာလဆန်းမှာ သင်တန်းအတွက် မှတ်ပုံတင်ခြင်းနဲ့ ငွေသွင်းတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ သင်တန်းသား အရေအတွက် တိုးခေါ်မှာတော့ မရှိသေးပါဘူး။”

ထိုညနေပိုင်းသင်တန်းကို ခေါ်ယူသည့်အခါတွင် အွန်လိုင်းမှတစ်ဆင့် ကြေညာမည်ဖြစ်သလို သတင်းစားများမှလည်း ကြေညာမည် ဖြစ်သည်။

အွန်လိုင်းမှလျှောက်ထားသည့်အခါတွင် စတင်လျှောက်ထားခွင့်ပေးသည့်အချိန်မှ စတင်ပြီး သတ်မှတ်ထားသော လူဦးရေပြည့်မီပါက လျှောက်ထားခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ညနေပိုင်းသင်တန်းများအတွက် လူဦးရေကို ကန့်သတ်ထားကြောင်း သိရသည်။

ညနေပိုင်း သင်တန်းများ၏ သင်တန်းကာလမှာ အင်္ဂလိပ်စာသင်တန်းအတွက် ကျန်ဘာသာရပ်များမှာ ခြောက်လတက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 51223 times