ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့သင်ကြားရေးစနစ်ကို Blockchain နည်းပညာနဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က ပြောပါတယ်။
Blockchain နည်းပညာသင်ကြားရေးကို BlueOcean ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆက်လက်ပြောပါတယ်။
Blockchain နည်းပညာသင်ကြားရေး နည်းစနစ်ထဲမှာ ICT လုပ်ငန်းပါလာတဲ့ သဘောဖြစ်ပြီး အဲလိုဆောင်ရွက်တဲ့အခါမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ Attended ယူတာနဲ့ သင်ခန်းစာ တွေကိုအိမ်စာပေးခြင်း၊ သင်ခန်းစာတွေအပေါ်မှာ ဆရာ၊ ဆရာမနဲ့ဆွေးနွေးခြင်း၊ ကျောင်းသူ၊ ကျောင်းသား တွေရဲ့ရလဒ်ကိုထုတ်ပြန်ကြောငြာခြင်း၊ Tutorial လုပ်ခြင်း၊ Assigment လုပ်ခြင်း၊ စာကြည့်တိုက်မှာ စာဖတ်ခြင်း တွေအားလုံးကို မိုဘိုင်းဖုန်းပေါ်က ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အဲဒီစနစ်ကို လာမယ့် ဒီဇင်ဘာလကစပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်အနေနဲ့ ဘာသာရပ် ၉ ခုကို သင်ကြားပေးနေပြီး နိုင်ငံခြားဘာသာစကား ညနေပိုင်း သင်တန်းတွေအဖြစ် ဘာသာရပ် ၁၁ ခုကိုလည်း ဖွင့်လှစ်ထား ရှိသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: internet