ရေကြီးမှုကြောင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေ လာရောက်မဖြေဆိုနိုင်သူများကို သြဂုတ် ၈ ရက်အထိ စောင့်ပေးမည်

ရေကြီးမှုကြောင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေ လာရောက်မဖြေဆိုနိုင်သူများကို သြဂုတ် ၈ ရက်အထိ စောင့်ပေးမည်

 

ရေကြီးမှုများ ကြုံတွေ့နေရခြင်းကြောင့် အချိန်မီမရောက်ရှိနိုင်ပါက နှုတ်ဖြေဖြေဆိုရမည့် ရက်၊ အမည်၊ တက္ကသိုလ်ဝင်ခုံအ မှတ် ဖြေဆိုမည့်အမှတ်စဉ်၊ နေထိုင်ရာ မြို့အမည်တို့ကို ၀၉ ၇၉၉၈၇၇၂၂၄၊ ၀၉ ၈၉၉၃ ၈၉၀၂၄ သို့ SMS သတင်းတိုပေးပို့၍လည်းကောင်း၊ Yangon University of Foreign Languages (YUFL) Facebook တွင် Comment ရေးသား၍လည်းကောင်း၊ Chat Box တွင် ဆက်သွယ်၍လည်းကောင်း အကျိုးအကြောင်း ရှင်းပြဆက်သွယ်ရန် ဇူလိုင် ၂၇ ရက် ညက ကြေညာထားသည်။

‘‘ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကိုတက်မယ့် ကျောင်း သား အများစုက မွန်ပြည်နယ်၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ပဲခူးဘက်ခြမ်းက အများစုဖြစ်တယ်။ သူတို့အများစုက မွန်ပြည်နယ်ကနေ ဖြတ်သန်းလာရတာဖြစ်တဲ့အတွက် ဒီရေဘေးက မလွဲမသွေကြုံရမှာ။ အဓိကက အခက်အခဲတွေ့နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အတိုင်းတာတစ်ခုအထိ ကူညီနိုင်ဖို့ပါ’’ဟု ရန်ကုန် နိုင်ငံခြားဘာသာတက္က သိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က ပြောသည်။

လူတွေ့နှုတ်ဖြေ အချိန်မီ လာရောက်ဖြေဆိုရန် အခက်အခဲ ရှိနေကြောင်း ဇူလိုင် ၂၈ ရက် ည နေ ၆ နာရီခန့်အထိ ဆက်သွယ် အကြောင်းကြားသည့် ကျောင်း သား၊ ကျောင်းသူ ၂၀ ဦးခန့်ရှိကြောင်း ၎င်းကဆိုသည်။ အချိန်မီ မဖြေဆိုနိုင်ကြောင်း အကြောင်း ကြားသူအများစုသည် မော်လ မြိုင်၊ သထုံ၊ ဘီးလင်း၊ မုဒုံနှင့် သံဖြူဇရပ်မြို့ကဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ၀င်ခွင့်လျှောက်ထား သူများကို ဇူလိုင် ၂၅၊ ၂၆၊ ၂၈၊ ၃၀၊ ၃၁ ရက်နှင့် သြဂုတ်၊ ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ ရက်တို့တွင် လူတွေ့ နှုတ်ဖြေစစ်ဆေးမည်ဖြစ်ပြီး နေ့ အလိုက် ဖြေဆိုရမည့် ကျောင်း သား၊ ကျောင်းသူစာရင်းကိုလည်း သတ်မှတ်ကြေညာထားသည်။

လူတွေ့နှုတ်ဖြေ ဖြေဆိုရန် သတ်မှတ်ရက်များတွင် လာ ရောက် မဖြေဆိုနိုင်သူများအား သြဂုတ် ၈ ရက်အထိ စောင့်ဆိုင်း ကာ ပြန်လည်ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်က ထိုသို့စောင့်ဆိုင်း ပေးခြင်းအပေါ် လူမှုကွန်ရက်တွင် ကျောင်းသားမိဘအချို့က ချီး ကျူးမှုများ ရှိနေသည်။

‘‘ခေတ်ပြောင်းလာတဲ့အ တွက် ပြောင်းလဲလာတဲ့သဘော တော့ ပါတာပေါ့။ အရင်တုန်းက ဆိုရင် ဒီစာမေးပွဲဖြေတဲ့ရက်ကို ဖြေရမယ်ဆိုတာမျိုး တိတိကျကျ ပဲ လုပ်လို့ရတယ်။ အခုကတော့ တက္ကသိုလ်က ကိုယ်ပိုင်အုပ်ချုပ် ခွင့် တစ်စိတ်တစ်ပိုင်းရှိလာတော့ လုပ်ပိုင်ခွင့်ဘောင်ထဲက လုပ်ပေး သင့်သလောက် လုပ်ပေးလိုက် တာပေါ့’’ဟု ဒေါက်တာကြည်ရွှင် ကဆိုသည်။

၂၀၁၈ တက္ကသိုလ်ဝင်ခွင့်အတွက် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက် ထားသူ ၄,၀၃၄ ဦး ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1622 times