လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) တွင် အခြေခံ (၁) (Basic I) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် မြန်မာ ဘာသာ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်သဖြင့် online မှ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရာတွင် အောက်တွင် ဖော်ပြထားသော website address သို့ ဝင်၍ CHRD Form တွင် လျှောက်လွှာဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
Website အမည် - Yangon University of Foreign Languages
Website Link - http://www.yufl.edu.mm/chrd
(မြန်မာကျောင်းသားများအတွက် local-student button အား Click လုပ်၍ CHRD Form အား ဖြည့်စွက်ရန် နှင့် မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားကျောင်းသားများအတွက် international-student button အား Click လုပ်၍ ဖြည့်စွက်ရန်)
သင်တန်းပို့ချမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
online ဖြင့် လျှောက်ထားရမည့်ရက် - (၂၆-၁၂-၂၀၁၈ နံနက် ၉း၀၀ နာရီမှ သတ်မှတ်ဦးရေ ပြည့်သည့်အထိ)
ပုံစံစစ်ဆေးရန်နှင့်သင်တန်းကြေးလက်ခံမည့်ရက် - (၇-၁-၂၀၁၉ မှ ၁၀-၁-၂၀၁၉) ပုံစံစစ်ဆေးရန်နှင့်သင်တန်းကြေးလက်ခံမည့်အချိန် - (နံနက် ၁း၀၀ နာရီမှ မွန်းလွဲ ၂း၀၀ နာရီအထိ)
ငွေလက်ခံမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
* သင်တန်းပို့ချမည့်နေ့ရက် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
သင်တန်းပို့ချမည့်အချိန် - ညနေ ၅း၀၀ - ၇း၃၀ နာရီ
သင်တန်းကာလ - (၁၄-၁-၂၀၁၉ မှ ၈-၃-၂၀၁၉)
ကျန်ဘာသာများ - (၁၄-၁-၂၀၁၉ မှ ၂-၈-၂၀၁၉)
* သင်တန်းပို့ချမည့်နေ့ရက် - စနေ၊ တနင်္ဂနွေ
သင်တန်းပို့ချမည့်အချိန် - နံနက် ၉း၀၀- မွန်းလွဲ ၁း၀၀ နာရီ
သင်တန်းကာလ - (၁၃-၁-၂၀၁၉ မှ ၉-၃-၂၀၁၉) အင်္ဂလိပ်ဘာသာ
ကျန်ဘာသာများ - (၁၃-၁-၂၀၁၉ မှ ၄-၈-၂၀၁၉)
** မိမိကြိုက်နှစ်သက်ရာ အချိန်ပိုင်းသင်တန်းအား ရွေးချယ်လျှောက်ထားနိုင်ပါသည်။
ပညာအရည်အချင်း - တက္ကသိုလ်ဝင်စာမေးပွဲအောင်
တင်ပြရန်စာရွက်စာတမ်းများ
- တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်မူရင်းနှင့်မိတ္တူ (သို့မဟုတ်)
- အမှတ်စာရင်းမူရင်းနှင့်မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊
- ဓါတ်ပုံ(၃)ပုံ
(Online မှ ၂၆-၁၂-၂၀၁၈ ရက်နေ့တွင် စတင် လျှောက်ထားပြီး မိမိအမည်အား လက်ခံကြောင်း ကြေညာချက်တွင် တွေ့ရှိပြီးမှသာ ကျောင်းသို့ယူဆောင်လာရမည့် အထောက်အထားများဖြစ်ပါသည်။)
စုံစမ်းရန်ဌာန - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ၀၁-၅၁၅၂၃၆၊ ၀၁-၅၃၅၉၈၅
Online မှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Server သို့ အရင်ရောက်ရှိလာသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံ ပေး မည်ဖြစ်ပါသည်။
(၂၆-၁၂-၂၀၁၈) ရက်နေ့ နံနက် ၉း၀၀ နာရီမှသာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website ၏ သတ်မှတ် Address တွင် စတင်မြင်တွေ့ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
Online မှ လျှောက်လွှာတင်သွင်းပြီးနောက် ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးပေးသွင်းရန် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်လာရောက်ရမည်ဖြစ်သည်။
(သင်တန်းကြေးပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်သည်။)
အခြေခံ(၂) Basic II သင်တန်းနှင့်အထက် သင်တန်းသားများသည် ဤတက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားရမည်။
သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် (၃-၁-၂၀၁၉) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကြေညာပေးမည်ဖြစ်ပါသည်။
source: yufl