တစ်ရက်လျှင် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးကို အဖွဲ့ (၅)ဖွဲ့ခွဲ၍ စစ်ဆေးမည်ဖြစ်ပါသည်။
လျှောက်ထားသူအားလုံးကိုစစ်ဆေးရန် နှစ်ပါတ်ခန့်ကြာမြင့်နိုင်ပါသည်။
ဖြေဆိုရမည့်အချိန်စာရင်းကို (၁၈-၇-၂၀၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေငြာရန်စီစဉ်ထားသော်လည်း ရမှတ်စာရင်းများကို တိုက်ဆိုင်စစ်ဆေးရခြင်းအတွက် အချိန်ယူရပါသောကြောင့် (၂၀-၇-၂၀၁၈) ရက်နေ့ညနေပိုင်းမှသာ Yangon University of Foreign Languages Facebook Page မှ၎င်း၊ www.yufl.edu.mm မှ ၎င်း၊ တက္ကသိုလ်ကြော်ငြာသင်ပုန်းတွင်၎င်း ကြေငြာထားပါမည်။
ထို့အပြင်စာတိုက်မှ ၁၅-၇-၂၀၁၈ ရက်နေ့တွင်မှ လက်ခံရရှိသော နယ်ဝေးလျှောက်ထားသူများ၏ လူတွေ့နှုတ်ဖြေစာရင်းကို နောက်ဆက်တွဲကြေငြာချက်အဖြစ် ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း အသိပေးပါသည်။
ဝင်ခွင့်လက်ခံမည့်ဦးရေ
(၁) တရုတ်ဘာသာ - ၁၀၀ ဦး
(၂) အင်္ဂလိပ်ဘာသာ- ၁၅၀ ဦး
(၃) ပြင်သစ်ဘာသာ - ၁၀၀ ဦး
(၄) ဂျာမန်ဘာသာ - ၁၀၀ ဦး
(၅) ဂျပန်ဘာသာ - ၁၀၀ ဦး
(၆) ကိုရီးယားဘာသာ - ၁၀၀ ဦး
(၇) ရုရှားဘာသာ - ၁၀၀ ဦး
(၈) ထိုင်းဘာသာ - ၅၀ ဦး
စုစုပေါင်း ၇၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ အင်္ဂလိပ်ဘာသာစကား ဝင်ခွင့်ပြုရမှတ်မှာ နှစ်စဉ်မြင့်မားလျက် ရှိပြီး ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် ဘာသာရပ်အသီးသီး ဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်မှာ
၁. အင်္ဂလိပ်ဘာသာစကားအတွက် ၄၇၇ မှတ်၊
၂. ဂျပန်ဘာသာစကားအတွက် ၄၆၆ မှတ်၊
၃. တရုတ်ဘာသာစကားအတွက် ၄၄၈ မှတ်၊
၎. ကိုရီးယား ၄၄၆ မှတ်၊
၅. ပြင်သစ်ဘာသာစကားအတွက် ၄၄၃ မှတ်၊
၆. ဂျာမန်ဘာသာစကားအတွက် ၄၃၃ မှတ်၊
၇. ထိုင်းဘာသာစကားအတွက် အမှတ် ၄၃၀၊
၈. ရုရှား ဘာသာစကားအတွက် ၄၁၈ မှတ်တို့ဖြစ်ခဲ့ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: YUFL