လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) တွင် အခြေခံ (၁) (Basic 1) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် မြန်မာဘာသာ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်သဖြင့် online မှ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် အောက်တွင်ဖော်ပြထားသော Website address သို့ဝင်၍ CHRD Form တွင်လျှောက်လွှာဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
သင်တန်းပို့ချမည့်နေရာ -ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
Online ဖြင့်လျှောက်ထားရမည့်ရက် -(၂၉-၄-၂၀၁၉) နံနက် ၉ နာရီမှ သတ်မှတ်ဦးရေ
ပြည့်သည်အထိ
ပုံစံစစ်ဆေးရန်နှင့်သင်တန်းကြေးလက်ခံမည့်ရက် -(၆-၅-၂၀၁၉) မှ (၈-၅-၂၀၁၉)
ပုံစံစစ်ဆေးရန်နှင့်သင်တန်းကြေးလက်ခံမည့်အချိန် -(နံနက် ၁၀ နာရီမှ မွန်းလွှဲ ၂ နာရီအထိ)
ငွေလက်ခံမည့်နေရာ -ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
**သင်တန်းပို့ချမည့်နေ့ရက် -တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
သင်တန်းပို့ချမည့်အချိန် -ညနေ ၅း၂၀ မှ ၇း၀၀
သင်တန်းကာလ -(၁၃-၅-၂၀၁၉ မှ ၂-၈-၂၀၁၉) (၃) လ အင်္ဂလိပ်ဘာသာ
(၁၃-၅-၂၀၁၉ မှ ၂၇-၁၂-၂၀၁၉) (၆)လ ကျန်ဘာသာများ
**သင်တန်းပို့ချမည့်နေ့ရက် -စနေ၊ တနင်္ဂနွေ
သင်တန်းပို့ချမည့်အချိန် -နံနက် ၉ နာရီမှ ၁၂ နာရီ
သင်တန်းကာလ -(၁၀-၅-၂၀၁၉ မှ ၂၈-၇-၂၀၁၉) (၃) လ အင်္ဂလိပ်ဘာသာ
(၁၁-၅-၂၀၁၉ မှ ၂၉-၁၂-၂၀၁၉) (၆) လ ကျန်ဘာသာများ
“ မိမိကြိုက်နှစ်သက်ရာ အချိန်ပိုင်းသင်တန်းအား ရွေးချယ်လျှောက်ထားနိုင်ပါသည်။”
ပညာအရည်အချင်း -တက္ကသိုလ်ဝင်စားမေးပွဲအောင်
တင်ပြရန်စာရွက်စာတမ်းများ -တက္ကသိုလ်ဝင်စားမေးပွဲအောင်လက်မှတ်မူရင်းနှင့်မိတ္တူ(သို့) အမှတ်စာရင်းမူရင်းနှင့်မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊ ဓါတ်ပုံ(၃)ပုံ၊ (online မှ ၂၉-၄-၂၀၁၉ ရက်နေ့တွင် စတင်လျှောက်ထားပြီး မိမိအမည်အား လက်ခံကြောင်း ကြေညာချက်တွင် တွေ့ရှိပြီးမှသာ ကျောင်းသို့ယူဆောင်လာရမည့် အထောက်အထားများဖြစ်ပါသည်။)
စုံစမ်းရန်ဌာန -ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ၀၁-၅၁၅၂၃၆၊ ၀၁-၅၃၅၉၈၅
** Online မှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာဖြည့်စွက်ထားပြီးရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Sever သို့အရင်ရောက်ရှိလာသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံပေးမည်ဖြစ်ပါသည်။ (၂၉-၄-၂၀၁၉) ရက်နေ့ နံနက် ၉ နာရီမှသာ နိုင်ငံခြားဘာသာတက္ကသိုလ် Website ၏ သတ်မှတ် Address တွင်စတင်မြင်တွေ့မှသာ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
အခြေခံ(၂) (Basic 2 )သင်တန်းနှင့် အထက်သင်တန်းသားများသည် တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရပါမည်။
သင်တန်းဝင်ခွင့်ရရှိသည့် အမည်စာရင်းအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် (၃-၅-၂၀၁၉) ရက်နေ့ နံနက် (၁၀ နာရီ) အချိန်တွင် ကြေညာပေးမည်ဖြစ်ပါသည်။
Source: YUFL