သင်တန်းလျှောက်လွှာတွေကို စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ http://www.yufl.edu.mm/chrd သို့ ဝင်ရောက်ပြီး မြန်မာကျောင်းသားတွေအနေနဲ့ Local-student button ကိုနှိပ်ကာ ဖောင်ဖြည့်ရမှာဖြစ်ပါတယ်။
နိုင်ငံခြားသား ကျောင်းသားတွေအနေနဲ့ကတော့ international-student button ကိုနှိပ်ကာ ဖြည့်စွက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
သင်တန်းကာလအနေဖြင့် အင်္ဂလိပ်ဘာသာမှာ အောက်တိုဘာလ ၂ ရက် မှ ဒီဇင်ဘာလ ၁၂ ရက်အထိ ၃ လ ကြာမြင့်မှာဖြစ်ပြီး ကျန်ဘာသာတွေအနေနဲ့ကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်ကနေ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက် အထိ ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းကို တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ထားသူတွေ တက်ရောက်နိုင်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့မဟုတ်) အမှတ်စာရင်း မူရင်းနှင့်မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်းနှင့်မိတ္တူ၊ ဓါတ်ပုံ ၃ ပုံ တို့ကို တင်ပြ လျှောက်ထားရမှာဖြစ်ပါတယ်။
သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကို စက်တင်ဘာလ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ကြေညာပေးမှာဖြစ်ပါတယ်။
အခြေခံ ၂ (Basic II) သင်တန်းနဲ့အထက် သင်တန်းသားတွေကတော့ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက် ထားရမှာဖြစ်ပါတယ်။
၃ လ သင်တန်းများအတွက် သင်တန်းကြေး ၄၅,၀၀၀ ကျပ်ဖြစ်ပြီး ၆ လသင်တန်းများအတွက် ၉၀,၀၀၀ ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်။
ပုံမှန်စစ်ဆေးရန်နဲ့ သင်တန်းကြေးပေးသွင်းရန်အတွက်ကို စက်တင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ နံနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိ အဆိုပါတက္ကသိုလ်သို့ လူကိုယ်တိုင်သွားရောက် ပေးသွင်းရမှာဖြစ်ပါတယ်။
အသေးစိတ်ကို ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ဖုန်း- ၀၁-၅၁၅၂၃၆ နဲ့ ၀၁-၅၃၅၉၈၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal